ဆန်ချိုကို မရဖို့များလာတာကြောင့်ပါ။
Kyaw Ko Ko Sint

ယူနိုက်တက်က အဓိက ကစားသမားအဖြစ် ဗန်ဒီဘိခ်တစ်ဦးတည်းသာ ခေါ်ယူထားနိုင်သေးပြီး နည်းပြ ဆိုးလ်ရှား အနေနဲ့ နောက်ထပ် ကစားသမား ထပ်မံ ခေါ်ယူချင်နေတာပါ။

ယူနိုက်တက်အသင်းဟာ သူတို့လိုချင်တဲ့ ‌ဒေါ့မွန်အသင်းက ဂျော်ဒန်ဆန်ချိုကို မရနိုင်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာကြောင့် ကော်စတာ၊ဘေးလ်နဲ့ ပါရီဆစ်တို့ရဲ့ အပြောင်းအရွှေ့ ဝင်္ကပါထဲပါဝင်လာပြီလို့ Daily Mail က ဖော်ပြလာပါတယ်။

ဒေါ့မွန်အသင်းက ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၀၈သန်းတောင်းဆိုထားတာကြောင့် ယူနိုက် တက်အနေနဲ့ စိတ်ဝင်စားပေမယ့်လည်း အခက်တွေ့နေရတာပါ။

ဒါကြောင့် လက်ရှိမှာတော့ ယူနိုက်တက်ဟာ သူတို့ရဲ့ စျေးကွက်အတွင်း ဝယ်ယူမှု ပစ်မှတ်ကို ပြောင်းလာခဲ့ပြီး အခြားဖက်ကို လှည့်လာပြီလို့လည်း The Telegraph သတင်းဌာနက ဖော်ပြလာပြန်ပါတယ်။

ဂျူဗင်တပ်ကစားသမား ဒေါက်ကလပ်ကော်စတာကတော့ မကြာခဏ ရရှိနေတဲ့ ဒဏ်ရာ ပြဿနာကြောင့် အသင်းနဲ့ စာချုပ်ဆက်မြဲဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတစ်ခုမှာ ရောက်ရှိနေသူပါ။

အလားတူပဲ ရီးရဲက ဂါရတ်ဘေးလ်ကိုလည်း အသင်းက တစ်ပတ်လုပ်ခ ပေါင် ၆သိန်းကို ပွဲမကစားရပဲ ပေးချေရနေ ရတဲ့ အပေါ် ဆက်လက် သည်းမခံနိုင်တော့ပဲ ဝယ်ယူမယ့်အသင်းကို လစာ တစ်ဝက်အထိ ပေးချေကာ ရောင်းချဖို့ အထိ စီစဥ်လာတာပါ။

ဘိုင်ယန်က ပါရီဆစ်ကတော့ တစ်ရာသီ အငှားလာကစားချိန်မှာ ၃၅ပွဲကစားပြီး ၈ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အင်တာမီလန်အသင်းကို ပြန်ရတော့မှာ ဖြစ်ပြီး ယူနိုက်တက်ကို ပြောင်းဖို့ သတင်းတွေ ထွက်နေသူပါ။

ယူနိုက်တက်ကတော့ ယခုနှစ် နွေရာသီ စျေးကွက်မှာ အဓိက ကစားသမား ခေါ်ယူမှုအဖြစ် ဒိုနီဗန်ဒီဘိခ်တစ်ဦး တည်းသာ ခေါ်ယူထားနိုင်ပါတယ်။

နည်းပြ ဆိုးလ်ရှားအနေနဲ့ကတော့ အပြောင်းအရွှေ့ စျေးကွက်မပိတ်မီ အဓိက ကစားသမားအချို့ကို ဆက်လက် ခေါ်ယူကာ အသင်းရဲ့ လူစာရင်းကို ထပ်မံ ဖြည့်တင်းချင်နေတာကြောင့် ဘယ်လို ကစားသမားမျိုး ထပ်ရောက်လာ မလဲဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က