ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၁ဂိုး သွင်းယူပေးထားသူပါ။
Pyae Phyo Thein

အသက် ၂၂ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးအထိ ရရှိထားတာဖြစ်ပြီးတော့ ကစားသမားဘဝ သွင်းဂိုးအများဆုံးဘောလုံးရာသီကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းရဲ့နည်းပြသောမတ်စ်တူချယ်လ်ဟာ ယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ တိုက်စစ်ပိုင်းနေရာစုံမှာကစားနိုင်သူဖြစ်ပြီး ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တယ်လို့ တူချယ်လ်က ယူဆနေပြီး သူ့အသင်းအတွက် ခေါ်ယူချင်နေကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

နေမာ၊ ဘာပေနဲ့ အီကာဒီတို့ရှိနေပေမယ့်လည်း တူချယ်လ်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး သူ့အသင်းအတွက် ကစားပေးစေချင်နေတာဖြစ်ပါတယ်။ ဒီအတွက် ပေါင်သန်း ၁၀၀ ခန့်အသုံးပြုကာ ခေါ်ယူပေးဖို့ အသင်းကိုတောင်းဆိုဖွယ်ရှိနေပြီး ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားအတွက် ကြိုးပမ်းမှုတွေကို စတင်လာတော့မှာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက်ပြိုင်ပွဲစုံသွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ဆိုးလ်ရှားလက်အောက်မှာ အဓိကတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရပြီး အခွင့်အရေးပေးခံနေရလို့ ပီအက်စ်ဂျီဘက်က ခက်ခက်ခဲခဲကြိုးစားရဖွယ်ရှိနေကာ ယူနိုက်တက်ဘက်ကလည်း ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

အသက် ၂၂ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၆ ဂိုးအထိ ရရှိထားတာဖြစ်ပြီးတော့ ကစားသမားဘဝ သွင်းဂိုးအများဆုံးဘောလုံးရာသီကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကြီးအတွက် စတင်ကစားပေးတဲ့အချိန်ကစပြီး ဂိုးသွင်းနှုန်းက တစ်ရာသီပြီးတစ်ရာသီမြင့်မားလာခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က