ကီပါကတော့ ဂိုးသမားတစ်ဦးအတွက်စံချိန်တင်ကြေးနဲ့ ချယ်လ်ဆီးကိုရောက်လာတာပါ။
Pyae Phyo Thein

လမ်းပတ်ကတော့ အသင်းဂိုးပေါက်အတွက် စိတ်ချရမယ့် ဂိုးသမားတစ်ဦးကို အလိုရှိနေဆဲဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ၀ါရင့်ဂိုးသမားနူအာကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ 


ဂျာမနီနာမည်ကျော်သတင်းစာတစ်စောင်ဖြစ်တဲ့ Bild ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်ဂိုးသမားနူအာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဂျာမန်နာမည်ကျော်ဂိုးသမားဟာ အသင်းနဲ့ စာချုပ်သစ်ဆွေးနွေးဖို့ ကြန့်ကြာနေသူဖြစ်ပြီး နှစ်ဖက်စလုုံးက စာချုပ်သစ်အတွက်ဆွေးနွေးဖို့ နှောင့်နှေးနေကြပါတယ်။ 

လက်ရှိချုပ်ဆိုထားတဲ့စာချုပ်ကတော့ ၂၀၂၁ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကတော့ ကစားသမားရဲ့ဆန္ဒကိုအနှေးနဲ့အမြန်သိချင်နေပြီး နူအာရဲ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေတယ်လို့ Bild ရဲ ့ဖော်ပြချက်ကို ကိုးကားပြီး နာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ ESPN က ဖော်ပြခဲ့ပါတယ်။ 

ချယ်လ်ဆီးနည်းပြလမ်းပတ်ဟာ လက်ရှိဂိုးသမားကီပါကို အသင်းကနေ ရောင်းချသွားဖွယ်ရှိနေပြီး ဂိုးသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပါတယ်။ ဒီရာသီမှာ ကီပါက လက်စွမ်းပိုင်းမတည်မငြိမ်ဖြစ်နေခဲ့ကာ လမ်းပတ်က ဒုတိယဂိုးသမားကာဘယ်လာရိုကို မကြာခဏပွဲထွက်ခဲ့ပြီး ကီပါကို ချန်လှပ်ခဲ့ရပါတယ်။

စပိန်လက်ရွေးစင်ဂိုးသမားဟာ စတန်းဖို့ဘရစ်ချ်ကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဆာရီလက်ထက်မှာ လက်စွမ်းပြသနိုင်ခဲ့ပေမယ့် လူစားလဲလှယ်မှုနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေကို ကီပါက ဖန်တီးခဲ့ကာ အပြင်းအထန်ဝေဖန်မှုတွေကိုလည်း ခံခဲ့ရသူဖြစ်ပါတယ်။ 

ဒီရာသီမှာ ကီပါက ပြိုင်ပွဲစုံ ၃၃ပွဲအထိ ကစားပေးထားခဲ့ရပြီး လီဗာပူးလ်နဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာတော့ လက်စွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းပတ်ကတော့ အသင်းဂိုးပေါက်အတွက် စိတ်ချရမယ့် ဂိုးသမားတစ်ဦးကို အလိုရှိနေဆဲဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ၀ါရင့်ဂိုးသမားနူအာကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ 


က္က