ရော်နယ်ဒိုက ပီအက််စ်ဂျီကို ပြောင်းရွှေ့ချင်ခဲ့တယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

နေမာနဲ့ သူနဲ့ကြားမှာ ဆက်ဆံရေးကောင်းတွေရှိသလို ဘတ်ပီရဲ့ ခြေစွမ်းကို ရော်နယ်ဒိုက ကြိုက်နှစ်သက်တဲ့အချက်ကလည်း ပီအက်စ်ဂျီကို သူပြောင်းရွှေ့ဖို့ အဓိကအကြောင်းရင်းတွေဖြစ်ခဲ့ပြီး ဗိုင်းရပ်စ်ဖြစ်ပွားခဲ့လို့သာ အထမမြောက်ခဲ့တာလို့ ဆိုပါတယ်။ 


ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ကိုရိုနာဗိိုင်းရပ်စ်မဖြစ်ပွားခင်အချိန်မှာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့အတွက် စဉ်းစားခဲ့တယ်လို့ France Football က ဖော်ပြခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ အသင်းမှာ အဓိကကစားသမားအဖြစ် ပုံမှန်ကစားခွင့်ရနေခဲ့ပေမယ့် အသင်းစွမ်းဆောင်ရည်အပေါ် စိတ်တိုင်းမကျခဲ့လို့ ပြင်သစ်ကလပ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ကြောင်း ဆိုပါတယ်။ 

France Football ရဲ့ ရေးသားဖော်ပြခဲ့မှုအရဆိုရင် ရော်နယ်ဒိုဟာ နေမာ၊ ဘတ်ပီတို့နဲ့ တွဲဖက်ကာ ကစားဖို့ ဆန္ဒရှိကြောင်း သိရပါတယ်။ နေမာနဲ့ သူနဲ့ကြားမှာ ဆက်ဆံရေးကောင်းတွေရှိသလို ဘတ်ပီရဲ့ ခြေစွမ်းကို ရော်နယ်ဒိုက ကြိုက်နှစ်သက်တဲ့အချက်ကလည်း ပီအက်စ်ဂျီကို သူပြောင်းရွှေ့ဖို့ အဓိကအကြောင်းရင်းတွေဖြစ်ခဲ့ပြီး ဗိုင်းရပ်စ်ဖြစ်ပွားခဲ့လို့သာ အထမမြောက်ခဲ့တာလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက လိုကိုမိုးတစ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂျူဗီက ၂-၁ နဲပ အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုရဲ့ မကျေနပ်ချက်တွေ စတင်ခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ဂိုးလည်းမသွင်းနိုင်၊ ဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့ဘဲ တူရင်ကလပ်ဟာ မက်ဒရစ် ဒါမှမဟုတ် ပရီးမီးယားလိဂ်လို အရည်အသွေးမျိုးမှာမရှိဘူးလို့ ခံစားခဲ့ရကာ အသင်းကနေ ထွက်ခွာဖို့အတွက် စဉ်းစားခဲ့တာဖြစ်ပါတယ်။

နေမာ၊ ဘတ်ပီတို့နဲ့ တွဖြက်ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်အစုအဖွဲ့ကို ရော်နယ်ဒိုက ဖန်တီးချင်တယ်လို့ နီးစပ်သူတစ်ဦးက ပြောဆိုခဲ့ကြောင်းလည်း France Football က ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပြီး သူ့ရဲ့ဆန္ဒတွေ ပျက်စီးခဲ့ရပြီး ဂျူဗီမှာသာ ဆက်ရှိနေခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဂျူဗီမှာ ဆက်ရှိနေခဲ့ပြီး စီးရီးအေဖလားကို ၂ကြိမ်ဆက်တိုက်ရယူနိုင်ခဲ့ကာ အသင်းအတွက်လည်း ၃၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

လက်ရှိမှာ ဂျူဗီအတွက် ၈၈ ပွဲကစားပေးထားပြီး ၆၃ ဂိုးအထိ ရော်နယ်ဒိုက သွင်းယူပေးထားခဲ့ပေမယ့် ရွှေဖိနပ်ဆုနဲ့တော့ ဝေးကွာနေဆဲဖြစ်ပါတယ်။ နည်းပြဆာရီရဲ့ နည်းဗျူဟာတွေကိုလည်း ရော်နယ်ဒိုဘက်က အားရမှုမရှိဘူးလို့ သိရပေမယ့် ဂျူဗီနဲ့အတူ စီးရီးအေဖလားကို ၃ ကြိမ်ဆက်ရယူသွားမယ်လို့ သူ့ရဲ့အင်စတာဂရမ်မှာတော့ ရေးသားထားခဲ့ပါတယ်။ 


Author


က္က