ဘိုင်ယန်ကို ဆာနေးကရောက်ရှိလာခဲ့ပြီဖြစ်လို့ အသက် ၂၄နှစ်အရွယ် ကစားသမားအတွက် ပုံမှန်ကစားခွင့်ရဖို့က ခက်ခဲလာမှာဖြစ်ပြီး ယူနိုက်တက်မှာ ပိုမိုကစားခွင့်ရရှိဖို့ အခွင့်အလမ်းများနေပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမားကင်စလေကိုးမန်းကို ခေါ်ယူဖို့အတွက် စတင်ဆွေးနွေးနေပြီလို့ သိရပါတယ်။ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ကလပ်အသင်းနှစ်သင်းကြားမှာ အပြောင်းအရွှေ့ကိစ္စကို ဆွေးနွေးနေပြီလို့သိရတာဖြစ်ပါတယ်။
အငှား ဒါမှမဟုတ် အပြီးသတ်ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်ဘက်က စတင်နေခဲ့တာဖြစ်ပြီး ကစားသမားဘက်ကလည်း စိတ်ဝင်စားဖွယ်ရာရှိနေပါတယ်။ ဘိုင်ယန်ကို ဆာနေးကရောက်ရှိလာခဲ့ပြီဖြစ်လို့ အသက် ၂၄နှစ်အရွယ် ကစားသမားအတွက် ပုံမှန်ကစားခွင့်ရဖို့က ခက်ခဲလာမှာဖြစ်ပြီး ယူနိုက်တက်မှာ ပိုမိုကစားခွင့်ရရှိဖို့ အခွင့်အလမ်းများနေပါတယ်။
ကိုးမန်းဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး အသင်းအတွက် ပွဲအနည်းငယ်သာကစားပေးခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် သွင်းဂိုးလေးဂိုးနဲ့ ဖန်တီးမှုလေးကြိမ်ပြုလုပ်ထားပေးခဲ့ပြီး ပြည်တွင်းဖလားနှစ်လုံးအထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကလည်း ကစားသမားအတွက် မှန်ကန်တဲ့ပြောင်းရွှေ့ကြေးရရှိမယ်ဆိုပါက ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။