မနက်ဖြန်မှာ ကြေညာသွားဖွယ်ရှိနေပါတယ်။

ရိုဒရီနဲ့ အက်သလက်တီကိုတို့ဟာ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် (၆၃)သန်းသတ်မှတ်ထားပြီး မန်စီးတီးက အဆိုပါပမာဏအတိုင်းပေးချေကာ ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။


အက်သလက်တီကိုကွင်းလယ်လူ ရိုဒရီကို ခေါ်ယူနိုင်ခဲ့တဲ့ သတင်းကို တနင်္လာနေ့မှာ မန်စီးတီးက တရားဝင်ကြေညာသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အသက် (၂၂)နှစ်အရွယ် စပိန်ကွင်းလယ်ကစားသမားကို ဂွာဒီယိုလာက ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပြီးနောက် ကစားသမားကိုယ်တိုင်ကလည်း အသင်းကထွက်ခွာခွင့်ပြုဖို့ အက်သလက်တီကိုကိုတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။



ရိုဒရီနဲ့ အက်သလက်တီကိုတို့ဟာ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် (၆၃)သန်းသတ်မှတ်ထားပြီး မန်စီးတီးက အဆိုပါပမာဏအတိုင်းပေးချေကာ ခေါ်ယူသွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေဟာ ပြီးဆုံးသွားခဲ့ပြီလိ့ု သိရပြီး တရားဝင်ကြေညာချက်ထုတ်ပြန်ဖို့သာ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။

ရိုဒရီအတွက် မန်စီးတီးရဲ့ ဘောလုံးဒါရိုက်တာ ဘာဂီရီစတိန်းကိုယ်တိုင်စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရိုဒရီဟာ စပိန်ကွင်းလယ်မှာ ဘက်ကွက်စ်ရဲ့နေရာကို ရေရှည်အစားထိုးပေးမယ့်သူအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပြီး ဖာနန်ဒင်ဟိုရဲ့နေရာကို ဝင်ရောက်ကစားပေးရမှာဖြစ်ပါတယ်။

မန်စီးတီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ရီယက်ဒ်မာရက်ဇ်ရဲ့ ပေါင်သန်း (၆၀)ပမာဏကို ရိုဒရီက ကျော်ဖြတ်နိုင်မှာဖြစ်ပြီး ဖာနန်ဒင်ဟိုနေရာအစားထိုးဖို့ မန်စီးတီးက စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေးချေသွားမှာလည်းဖြစ်ပါတယ်။ ရိုဒရီဟာ ဗီလာရီးရဲလ်အတွက် (၈၄)ပွဲသာ ကစားပေးခဲ့ပြီးနောက် အက်သလက်တီကိုကို ပေါင် (၂၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကိုကလည်း ရိုဒရီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၁၄)ကို ကစားသမားသစ် လော်ရန်တီကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ရိုဒရီကို ပြန်လည်ရောင်းချဖို့အတွက် အက်သလက်တီကိုက သဘောတူညီခဲ့ပြီးပြီလို့ ယူဆရပြီး မကြာခင်မှာပဲ မန်စီးတီးက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရိုဒရီကို ခေါ်ယူခဲ့တဲ့ သတင်းကို ထုတ်ပြန်ကြေညာတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က