ဗန်ဒိုက်နဲ့ တွဲဖက်ပေးပြီး ပိုမိုကောင်းမွန်တဲ့ ခံစစ်ကြောင်းကို တည်ဆောက်ဖို့ပါ။
Pyae Phyo Thein

ကူလီဘလီကို လီဗာပူးလ်က စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေခဲ့အပြီးမှာ မာနေးက လက်ရွေးစင်အသင်းဖော်ကို ထောက်ခံမှုပေးခဲ့တာလည်း ဖြစ်ပါတယ်။ 


လီဗာပူးလ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားဆာဒီယိုမာနေးက နာပိုလီနောက်ခံလူကူလီဘလီကို ခေါ်ယူဖို့အတွက် အသင်းကိုတောင်းဆိုလိုက်ပြီဖြစ်ပါတယ်။ ကူလီဘလီကို လီဗာပူးလ်က စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေခဲ့အပြီးမှာ မာနေးက လက်ရွေးစင်အသင်းဖော်ကို ထောက်ခံမှုပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

အသက် ၂၉ နှစ်အရွယ် ဆီနီဂေါနောက်ခံလူကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားချင်နေသူဖြစ်ပါတယ်။ လာမယ့်ရာသီမှာ နာပိုလီကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ဝန်ခံထားသူဖြစ်ပြီး သူ့အတွက် မှန်ကန်သင့်တော်တဲ့ ကမ်းလှမ်းမှုရရှိမယ်ဆိုပါက နာပိုလီကလည်း ရောင်းချသွားဖွယ်ရှိနေပြီဖြစ်ပါတယ်။ 

The Sun နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မာနေးက "သူက အံ့မခန်းထူးချွန်တဲ့ နောက်ခံလူပါ၊ သူကစားတဲ့နေရာမှာလည်း ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးပါပဲ၊ သူနဲ့အတူ ကလပ်အသင်းအဆင့်မှာ တွဲဖက်ကစားရမယ်ဆိုရင် ကျွန်တော်ကျေနပ်မိမှာပါ၊ သူ့အကြောင်းကို ကျွန်တော်ကောင်းကောင်းသိပါတယ်"

"မက်ဇ်အသင်းမှာ သူနဲ့စတွေ့ခဲ့ပြီးတော့ ဆီနီဂေါလက်ရွေးစင်အသင်းမှာ နောက်ထပ်တွေ့ခဲ့ရပါတယ်၊ ကူလီဘလီကို ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိလာပြီဆိုရင် ဘယ်ကလပ်အသင်းကမှ ငြင်းဆန်နိုင်မှာမဟုတ်ပါဘူး၊ ဘယ်ပြိုင်ပွဲမှာပဲဖြစ်ဖြစ်၊ လီဗာပူးလ်မှာ သူနဲ့အတူတွဲဖက်ကစားခွင့်ရတာက တကယ်ကို တန်ဖိုးကြီးပါတယ်၊ သူ ဒီကိုလာမယ်ဆိုရင်တော့ ကြိုဆိုခံရတာထက်ကို ပိုပါလိမ့်မယ်" လို့ မာနေးက ပြောခဲ့ပါတယ်။

လီဗာပူးလ်ကတော့ ဗန်ဒိုက်ကို ခေါ်ယူခဲ့စဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ ဗန်ဒိုက်နဲ့ အခိုင်အမာတွဲဖက်ကစားပေးနိုင်မယ့် ဗဟိုခံစစ်မှူးအဖြစ် မာတစ်၊ ဂိုမက်ဇ်၊ လိုဗရန်တို့ရှိနေပြီး ကလော့ပ်က ဗဟိုခံစစ်အတွဲအဖက်ကို ပိုမိုခိုင်မာတောင့်တင်းစေချင်နေပြီး ကူလီဘလီကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 


Author


က္က