ပေါင် သန်း ၂၀ ဈေးခေါ်ခဲ့လို့ အဲဗာတန်အသင်းက ဈေးကြီးတယ်ဆိုပြီး မခေါ်တော့တာပါ။
Kyaw Ko Ko Sint

အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းကို ပေါင် ၁၃.၅သန်းလောက်နဲ့ ပြန်ရောင်းလို့ ရရင် ရောင်းသွားမှာ ဖြစ်သလို အီတလီ(သို့)စပိန်ကလပ်အသင်းတစ်သင်းသင်းကိုလည်း အငှားနဲ့ စေလွှတ်ဖွယ်ရှိနေတယ်လို့ သိရပါ တယ်။

မန်ချက်စတာယူနိုက်တက်အသင်းက အသင်းမှာရှိနေတဲ့ အာဂျင်တီးနားလက်ရွေးစင် နောက်ခံလူ မားကို့စ် ရိုဂျို ကိုအသင်းက ထွက်ခွာခွင့်ပြုတော့မယ်လို့ Mirror သတင်းဌာနက ဖော်ပြလာပါတယ်။



နည်းပြဆိုးလ်ရှားအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ လက်စတာအသင်းက အင်္ဂလန်လက်ရွေးစင် နောက်ခံလူ မက်ဂွဲယားကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင်၈၅ သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။

ရိုဂျိုကတော့ ၂၀၁၄ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ ဂျာမနီတို့ ဆုံတွေ့ချိန် အာဂျင်တီးနားအတွက်ပါဝင်ကစားပေးထားတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရိုဂျိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ကြားချုပ်ဆိုထားတဲ့စာချုပ်အရ တစ်ပတ်လုပ်ခ ပေါင် ၁၃၀၀၀၀ ပေးချေနေရပြီး စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက ရိုဂျိုအတွက် ပေါင် သန်း၂၀ သတ်မှတ်ထားပေမယ့် ဝယ်သူတော့ ရှာမတွေ့သေးဘူလို့လည်း သိရပါတယ်။

ယခုလအစကတော့ ဒီနှစ်လူဝယ်ရာသီမှာ အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်နေတဲ့ ဂွတ်ဒီဆင်ပတ် ကွင်းပိုင်ရှင် အဲဗာတန်အသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတယ်လို့ သိရပြီး ဈေးကြီးလွန်းလို့ မခေါ်ယူဖြစ်တာလို့ လည်း သိရပါတယ်။

ယူနိုက်တက်ကတော့ ရိုဂျိုကို ဒီလထဲမှာပဲ အမြန်ဆုံး ရောင်းထုတ်ချင်နေတယ်လို့သိရပြီး သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ စပို့တင်းလစ္စဘွန်းကို ပေါင် ၁၃.၅ သန်းနဲ့ အရောင်းထုတ်ချင်နေတာပါ။

လက်ရှိ ဈေးကွက်အနေအထားအရ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ လူဝယ်လို့ရတဲ့လိဂ်တွေက စပိန်နဲ့ အီတလီလိဂ်တွေသာကျန်တော့တာ ကြောင့်လည်း အဆိုပါလိဂ်တွေက အသင်းတစ်သင်းသင်းထံကိုလည်း အငှားနဲ့ ရောက်သွားနိုင်တယ်လို့ Mirror က သုံးသပ်ထားပါတယ်။

ရိုဂျိုကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၁၄ ခုနှစ်က ရောက်ရှိလာခဲ့ပြီး ၇၃ ပွဲမှာ တစ်ဂိုးသွင်းယူပေးထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က