ကိုင်ဟာဗက်ဇ်ကို ခေါ်ယူမယ်လို့ သိရပါတယ်။
Pyae Phyo Thein

ကန်တေနဲ့အတူ မားကို့စ်အလွန်ဆို၊ ဘာဘာရာမန်၊ ဇူးမား၊ ခရစ္စတီယန်ဆန်၊ ဘာကာယိုကို နဲ့ ဘတ်ရှူဝါယီတို့ကိုပါ လမ်းပတ်က ရောင်းထုတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။


ဇီယက်၊ တီမို၀ါနာတို့ကို ခေါ်ယူထားပြီးဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ အခြားသောကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် ကွင်းလယ်လူအန်ဂိုလိုကန်တေကို ရောင်းချဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပြင်သစ်ကွင်းလယ်လူရဲ့ ချယ်လ်ဆီးကစားသမားဘဝအနာဂတ်ဟာ စတင်လှုပ်ခတ်လာခဲ့ပြီလည်းဖြစ်ပါတယ်။ 

The Times ရဲ့ ဖော်ပြချက်အရ လမ်းပတ်အနေနဲ့ ကိုင်ဟာဗက်ဇ်ကို ပစ်မှတ်ထားနေပြီး အသင်းအတွက် ခေါ်ယူချင်တယ်ဆိုပါက ကန်တေကို ရောင်းချသွားရဖို့ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးက ဇီယက်အတွက် ပေါင် ၃၆.၆သန်း၊ တီမိုဝါနာအတွက် ပေါင် ၅၃သန်းအထိ သုံးစွဲထားပြီးလို့ ပေါင်သန်း ၉ဝအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် လမ်းပတ်အနေနဲ့ နောက်ထပ်ကစားသမားတွေကို ခေါ်ယူမယ်ဆိုပါက အသင်းရဲ့ရှိရင်းစွဲကစားသမားတွေကို ရောင်းချပြီး ပြောင်းရွှေ့ကြေးရှာဖွေရမှာလည်းဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကန်တေဟာ ၂၀၁၆ မှာ ချယ်လ်ဆီးကို ရောက်ရှိခဲ့ပြီး အသင်းရဲ့ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ 

ကန်တေနဲ့အတူ မားကို့စ်အလွန်ဆို၊ ဘာဘာရာမန်၊ ဇူးမား၊ ခရစ္စတီယန်ဆန်၊ ဘာကာယိုကို နဲ့ ဘတ်ရှူဝါယီတို့ကိုပါ လမ်းပတ်က ရောင်းထုတ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ လမ်းပတ်ခေါ်ယူချင်နေတဲ့ ဟာဗက်ဇ်ကတော့ ပေါင် ၇၅သန်းခန့် တန်ကြေးရှိနေပြီး ဒီရာသီမှာ လေဗာကူဆင်အတွက် ၁၅ ဂိုးသွင်းကာ ၈ ကြိမ်ဖန်တီးပေးထားခဲ့ပြီး ရီးရဲလ်၊ ဘိုင်ယန်၊ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ကလည်း သူ့ကိုအနီးကပ်စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 


Author


က္က