ရောဘတ်ဆန်ရဲ့နောက်မှသာ ဦးစားပေးခံရမှာကြောင့်ပါ။
Pyae Phyo Thein

နော်ဝှစ်ချ်ကလည်း လီဗာပူးလ်အသင်း ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေးပမာဏဟာ နည်းပါးလွန်းတယ်လို့ ယူဆပြီးတော့ ပယ်ချခဲ့တာကြောင့် ကစားသမားရော၊ ကလပ်အသင်းပါ ငြင်းဆန်ခဲ့မှုနဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ 


နော်ဝှစ်ချ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားလီဝစ်ဟာ လီဗာပူးလ်အသင်းရဲ့ ပေါင် ၁ဝသန်းနဲ့ ကမ်းလှမ်းခဲ့မှုကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ အသင်းတန်းဆင်းခဲ့ရပေမယ့် လီဝစ်ဟာ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ကာ လီဗာပူးလ်က လက်ဦးမှုရယူဖို့အတွက် ကြိုးစားခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့် ယာဂင်ကလော့ပ်ရဲ့အသင်းမှာ ရောဘတ်ဆန်က ဘယ်ခံစစ်အစွန်လူအဖြစ် အခိုင်အမာနေရာရရှိထားလို့ လီဝစ်က ပြောင်းရွှေ့ဖို့ငြင်းဆန်ခဲ့ကြောင်း Liverpool Echo က ဖော်ပြခဲ့ပါတယ်။ သူ့အနေနဲ့ ရောဘတ်ဆန်ရဲ့နောက်မှသာ ပွဲထွက်ခွင့်ရမယ့်အပေါ် လီဝစ်က လက်မခံနိုင်ဘူးလို့သိရပြီး ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ ဆိုပါတယ်။ 

အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ နော်ဝှစ်ချ်အတွက် ပြိုင်ပွဲစုံ ၃၂ပွဲအထိ ကစားပေးခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ နော်ဝှစ်ချ်ကလည်း လီဗာပူးလ်အသင်း ကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့ကြေးပမာဏဟာ နည်းပါးလွန်းတယ်လို့ ယူဆပြီးတော့ ပယ်ချခဲ့တာကြောင့် ကစားသမားရော၊ ကလပ်အသင်းပါ ငြင်းဆန်ခဲ့မှုနဲ့ လီဗာပူးလ်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ကလော့ပ်ကတော့ ရောဘတ်ဆန်ရဲ့နေရာအတွက် အရည်အသွေးမြင့်ကစားသမားတစ်ဦးကို အလိုရှိနေပြီး အလှည့်ကျအသုံးပြုဖို့စီစဉ်နေတာဖြစ်ပါတယ်။ ရောဘတ်ဆန် ဒဏ်ရာကြောင့် အနားယူရချိန်တွေမှာ အသင်းဘယ်ခြမ်းခံစစ်ပိုင်းက လျော့ရဲမှုတွေရှိနေခဲ့တဲ့အပေါ်မှာ ကလော့ပ်က ကုစားသွားချင်နေတာလည်း ဖြစ်ပါတယ်။ 


Author


က္က