ဘိုင်ယန်ကိုရှုံးအပြီးမှာ ဆက်တီယန်ကို သေချာပေါက်ထုတ်ပယ်တော့မှာဖြစ်ပါတယ်။
Pyae Phyo Thein

ဘိုင်ယန်မြူးနစ်ကို ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ သူ့ကိုထုတ်ပယ်ဖို့အတွက် ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာခဲ့ပြီး ပိုချက်တီနိုနဲ့ သဘောတူညီမှုရရှိတာနဲ့တစ်ပြိုင်နက် ထုတ်ပယ်ဖို့ အသင့်ပြင်ထားပြီးဖြစ်တယ်လို့လည်း သတင်းများက ဆိုပါတယ်။ 


ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ အရှက်တကွဲအရေးနိမ့်ခဲ့ရပြီးနောက် နည်းပြဆက်တီယန်ကို ထုတ်ပယ်ကာ စပါးနည်းပြဟောင်းပိုချက်တီနိုကို ခန့်အပ်ဖို့ ပစ်မှတ်ထားနေပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ကတ်တလန်အခြေစိုက် RAC1 ရေဒီယိုသတင်းဌာကလည်း ပိုချက်တီနိုက ဦးစားပေးပစ်မှတ်ဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ပိုချက်တီနိုဟာ ဘာစီလိုနာဥက္ကဌဂျိုးဆက်ဘာတိုမြူနဲ့ ညစာစားသောက်ခဲ့တယ်လို့ သိရပြီး နည်းပြရာထူးအတွက် ဆွေးနွေးခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ ပိုချက်တီနိုကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းမှာ စပါးနည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ ကလပ်အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။ 

အက်စ်ပန်ညိုအသင်းရဲ့နည်းပြဟောင်းလည်းဖြစ်တဲ့ ပိုချက်တီနိုကို ဘာစီလိုနာက အရင်ကတည်းက စိတ်ဝင်စားမှုတွေရှိနေခဲ့တာပါ။ ဒါပေမယ့် ဘက်တစ်ကို အကောင်းဆုံးပုံစံရအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆက်တီယန်ကိုသာ ဘာစီလိုနာက ရွေးချယ်ခဲ့ပြီး ဗယ်လ်ဗာဒီရဲ့နေရာကို ဆက်ခံစေခဲ့ပါတယ်။ ဆက်တီယန်အနေနဲ့ သူ့လက်ထက်မှာ ဘာကာကို အကောင်းဆုံးပုံစံရအောင် မလုပ်နိုင်ခဲ့ဘဲ လာလီဂါဖလားကိုလည်း လက်လွှတ်ခဲ့ရပါတယ်။

ဆက်တီယန်ကို ထုတ်ပယ်ဖို့အတွက် ဘာစီလိုနာက စောင့်ကြည့်နေတဲ့အနေအထားမှာရှိခဲ့ပြီး ချန်ပီယံလိဂ်က သူ့အတွက်ထွက်ပေါ်အဖြစ်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကို ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ပြီးနောက်မှာတော့ သူ့ကိုထုတ်ပယ်ဖို့အတွက် ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာခဲ့ပြီး ပိုချက်တီနိုနဲ့ သဘောတူညီမှုရရှိတာနဲ့တစ်ပြိုင်နက် ထုတ်ပယ်ဖို့ အသင့်ပြင်ထားပြီးဖြစ်တယ်လို့လည်း သတင်းများက ဆိုပါတယ်။ 


Author


က္က