သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့အတွက် ညှိနှိုင်းဖို့ရှိနေပါတယ်။
Win Kyaw Min

အင်တာမီလန်အသင်းအနေနဲ့ လိုအပ်နေတဲ့ တိုက်စစ်နေရာအတွက် ၀ါရင့်တိုက်စစ်မှူးဂီရော့ဒ်ကို ခေါ်ယူလိုနေခဲ့ တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ ၀ါရင့်တိုက်စစ်မှူးဂီရော့ဒ်အနေနဲ့ ပြီးခဲ့တဲ့ရာသီဝက်ကတည်းက အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေလိုတဲ့အတွက် စိတ်ဝင်စားစရာအကောင်း ဆုံးဖြစ်လာခဲ့ပြီလို့ dailymail က သုံးသပ်ဖော်ပြလာပါတယ်။

ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ခဲ့တဲ့ ဂီရော့ဒ်အေ နနဲ့ ချဲလ်ဆီးနည်းပြသစ်လမ်းပတ်လက်ထက်မှာ ပွဲထွက်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတဲ့အတွက် အသင်းကနေထွ က်ခွာဖို့ ဆုံးဖြတ်ခဲ့သူလည်းဖြစ်ပါတယ်။



အင်တာမီလန်အသင်းရဲ့ နည်းပြဖြစ်သူ ကွန်တီကလည်း အသင်းဟောင်းမှာအတူလက်တွဲခဲ့ဖူးတဲ့ ဗစ်တာမော့ ဆက်ကို ခေါ်ယူခဲ့ပြီးနောက် ဂီရော့ဒ်ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး ကစားသမားဖြစ်သူကိုယ်တိုင်ကလ ည်း အသင်းကနေထွက်ခွာဖို့အတွက် အသင့်ဖြစ်နေခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးနည်းပြလမ်းပတ်ရဲ့အခွင့်အရေးပေးမှုနဲ့အတူ ပွဲထွက်ကစားခွင့်ပြန်လည်ရရှိလာ ခဲ့ပြီးနောက် ဂီရော့ဒ်အနေနဲ့ ယူရိုပြိုင်ပွဲဝင်ပြင်သစ်လက်ရွေးစင်အသင်းမှာဆက်လက်ပါဝင်ခွင့်ရရှိရေးအတွက်ပ ရီးမီးယားလိဂ်မှာ ဆက်ကစားဖို့ဆန္ဒရှိိနေခဲ့ပြီလို့ သတင်းဖော်ပြမှုတွေရှိလာခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့ ဂီရော့ဒ်တို့အကြား စာချုပ်သက်တမ်းမှာ ရာသီကုန်တွင်ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိအချိန်မှာ တော့ အသင်းတာဝန်ရှိသူတွေဘက်က သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ ဆန္ဒရှိနေခဲ့ပြီး ကစားသ မားဖြစ်သူကို ယ်တိုင်ကလည်း လက်ခံဖို့ရှိနေတဲ့အခြေအနေတွေကြောင့် စိတ်ဝင်စားစရာအပြောင်းအရွှေ့တစ်ခုဖြစ် လာခဲ့ပြီး အင်တာမီလန်ပရိသတ်အများစုကတော့ ဝေဖန်မှုအချို့ပြုလုပ်နေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါ တယ်။


က္က