ခြေစွမ်းမပြနိုင်တြ့နောက် ပြန်ရောင်းချခံရတော့မှာပါ။
Pyae Phyo Thein

အဲရစ်ဆန်ဟာ အင်တာမီလန်ကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၁ပွဲကစားအပြီးမှာ သွင်းဂိုးတစ်ဂိုးနဲ့ ဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ စပါးကနေ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဒိန်းမတ်ကွင်းလယ်လူအဲရစ်ဆန်ဟာ လာမယ့်ရာသီမှာ အသင်းကပြန်လည်ရောင်းချသွားမယ့် ကစားသမားစာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။ အဲရစ်ဆန်ရဲ့ စွမ်းဆောင်ရည်အပေါ် ကွန်တီက သဘောမကျဖြစ်ခဲ့ပြီးနောက် အရောင်းစာရင်းသွင်းခဲ့တာဖြစ်ပါတယ်။ 

အဲရစ်ဆန်ဟာ အင်တာမီလန်ကို ပေါင်သန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စုစုပေါင်း ၁၁ပွဲကစားအပြီးမှာ သွင်းဂိုးတစ်ဂိုးနဲ့ ဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ ကွန်တီက ကစားသမားရဲ့ စွမ်းဆောင်ရည်အပေါ်မှာ စိတ်ပျက်နေပြီး လာမယ့်ရာသီမှာ အသင်းကို အလုံးစုံပြုပြင်မှုတွေ လုပ်သွားဖို့ ရည်ရွယ်ထားရာမှာ ရောင်းချမယ့်ကစားသမားအဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ 

Mediaset သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲရစ်ဆန်ကို ပေါင် ၅၅သန်းနဲ့ ရောင်းချသွားဖို့ အင်တာမီလန်က မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဥရောပထိပ်တန်းအသင်းတချို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ နောက်ခံလူစကီရီနီယာလည်း ရောင်းချခံရမယ့်စာရင်းထဲမှာ ပါဝင်နေပြီး ကွန်တီက အသင်းကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ဖို့ လူစာရင်းကို ကြီးကြီးမားမားပြောင်းလဲသွားတော့မှာဖြစ်ပါတယ်။ 

ပြန်လည်စတင်ကစားခဲ့တဲ့အချိန်မှာ ဆုဖလားအတွက် စိန်ခေါ်နိုင်စွမ်းလျော့နည်းသွားခဲ့ပြီး ထိပ်ဆုံးလေးသင်းစာရင်းနဲ့သာ ကျေနပ်ရမယ့် အခြေအနေကိုလည်း ကွန်တီက ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ရာသီတောက်လျှောက်ဆိုသလို ခြေစွမ်းတည်ငြိမ်နေခဲ့ပေမယ့် နောက်ပိုင်းပွဲမှာတော့ အင်တာမီလန်ဟာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ချန်ပီယံမျှော်လင့်ချက်ကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။ 


Author


က္က