ဆိုးလ်ရှားက ခေါ်ယူဖို့ စိတ်ဝင်စားလာချိန်မှာ တုံ့ပြန်ခဲ့တာပါ။
Pyae Phyo Thein

လီဝင်က အဲဗာတန်ရဲ့ အဓိကတိုက်စစ်မှူးဖြစ်နေပြီး ဒီရာသီမှာ ဟက်ထရစ်တစ်ကြိမ်အပါအဝင် ၂ပွဲကစားအပြီးမှာ လေးဂိုးအထိရရှိကာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ 


အဲဗာတန်အသင်းဟာ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူးကယ်လ်ဗတ်လီဝင်အတွက် ပေါင်သန်း ၈၀ အထိ ရရှိမှသာ ရောင်းချသွားမယ်လို့ ပြောဆိုလိုက်ကြောင်း သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ လီဝင်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အဲဗာတန်ဘက်ကတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကြောင့် အခက်တွေ့နေပြီဖြစ်ပါတယ်။

အဲဗာတန်ဟာ လွန်ခဲ့တဲ့လေးနှစ်က လီဝင်ကို ရှက်ဖီးအသင်းဆီကနေ ခေါ်ယူခဲ့ရာမှာ ပေါင် ၁.၅သန်းသာ ပေးချေခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လီဝင်က အဲဗာတန်ရဲ့ အဓိကတိုက်စစ်မှူးဖြစ်နေပြီး ဒီရာသီမှာ ဟက်ထရစ်တစ်ကြိမ်အပါအဝင် ၂ပွဲကစားအပြီးမှာ လေးဂိုးအထိရရှိကာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ 

အသက် ၂၃နှစ်အရွယ်တိုက်စစ်မှူးဟာ အန်ဆယ်လော့တီလက်အောက်မှာ သိသိသာသာခြေစွမ်းထက်လာခဲ့ပြီး ရစ်ချာလီဆန်နဲ့အတူ အဲဗာတန်အသင်းတိုက်စစ်ကို ဦးဆောင်နေသူဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့ နှစ်သက်မှုကိုရရှိထားပြီး ပုံမှန်ကစားခွင့်လည်းရရှိနေတာကြောင့် ယူနိုက်တက်အတွက် ခေါ်ယူဖို့ ခဲယဉ်းနေမှာဖြစ်ပြိး အဲဗာတန်သတ်မှတ်ခဲ့တဲ့ စျေးနှုန်းကြောင့်လည်း ပိုပြီးစိတ်ပျက်စရာဖြစ်လာခဲ့ရပါတယ်။

မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့အပြင် အငှားခေါ်ယူထားတဲ့ အီဂါလိုလည်းရှိနေပေမယ့် ယူနိုက်တက်တိုက်စစ်ဟာ ပဲလေ့စ်နဲ့ပွဲမှာဂိုးမသွင်းနိုင်ခဲ့ဘဲ ဗန်ဒီဘိခ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အီဂါလိုက ဇန်နဝါရီလကုန်ထိသာ အသင်းမှာဆက်ရှိနေမှာဖြစ်လို့ ဆိုးလ်ရှားအတွက် တိုက်စစ်မှူးတစ်ဦးက မဖြစ်မနေလိုအပ်နေတာဖြစ်ပြီး ကယ်လ်ဗတ်လီဝင်ကို ရည်ရွယ်နေခဲ့ပေမယ့် ခေါ်ယူဖို့ကတော့ ခက်ခဲနေပြီဖြစ်ပါတယ်။ 


Author


က္က