ပရီးမီးယားလိဂ်အသင်းအချို့ရဲ့ စိတ်ဝင်စားခြင်းကိုလည်း ခံနေရသူပါ။

စပိန်နောက်ခံလူအနေနဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ စီစဉ်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာ ထိပ်သီးအသင်း အချို့ရဲ့စိတ်ဝင်စားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတဲ့ ဘယ်လာရင်ကို ခေါ်ယူလိုတဲ့ အသင်းများစွာရှိနေခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြုခဲ့ပြီးနောက် အီတလီစီးရီးအေထိပ်သီးကြီးတွေဖြစ် တဲ့ အင်တာမီလန်နဲ့ဂျူဗင်တပ်တို့က စိတ်ဝင်စားနေကြောင်း footballitalia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

သတင်းဖော်ပြမှုတွေအရ ဘယ်လာရင်အနေနဲ့ အာဆင်နယ်အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိနေခဲ့ပြီး လက်ရွေး စင်အသင်းတွင် ရွေးချယ်ခံရရေးအတွက် စပိန်လာလီဂါအသင်းတစ်သင်းသင်းဆီကိုပြောင်းရွှေ့လိုနေခဲ့သူလည်း ဖြစ်ပါတယ်။



ESPN ရဲ့အတည်ပြုဖော်ပြချက်မှာတော့ အီတလီစီးရီးအေထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ အင်တာမီလန်၊ ဂျူဗင် တပ်အသင်းတို့အနေနဲ့ ဘယ်လာရင်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုရှိနေပြီး လာမယ့်အပြောင်းအရွှေ့ကာလအတွင်း တရားဝင်ကမ်းလှမ်းဖို့ရှိနေတယ်လို့ အခိုင်အမာရေးသားခဲ့တာပါ။

အာဆင်နယ်အသင်းနဲ့ ဘင်လာရင်တို့အကြား စာချုပ်သက်တမ်းမှာ ၂၀၂၃ အထိကျန်ရှိနေဆဲဖြစ်တဲ့အတွက် တ ရားဝင်ကမ်းလှမ်းလိုတဲ့အသင်းတွေအနေနဲ့ ပေါင်သန်း ၄ဝဝန်းကျင်အသုံးပြုရဖိိုရှိနေတယ်လို့လည်း သတင်းဖော် ပြမှုတွေရှိနေခဲ့ပါတယ်။

အပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီး နှစ်ဖက်လုံးက တစ်စုံတစ်ရာအတည်ပြုခြင်းမရှိခဲ့ပေမယ့် အင်တာမီလန် နည်းပြကွန်တီကတော့ အသင်းရဲ့နောက်တန်းအတွက် အရေးပါသူဖြစ်လာနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သ လို ဂျူဗင်တပ်အသင်းကလည်း အသက်အရွယ်ရလာပြီဖြစ်တဲ့ ၀ါရင့်ကစားသမားတွေနေရာမှာ အစားထိုးဖို့အတွ က် ရည်ရွယ်နေတာဖြစ်ကြောင်းလည်း သုံးသပ်မှုများရှိနေခဲ့ပါတယ်။



က္က