အခွန်ကင်းလွတ်ပြီးတစ်နှစ်လုပ်ခလစာ ပေါင်ခြောက်သန်းအထိရဖို့ရှိနေပါတယ်။
Ye Yint Htay

မန်ချက်စတာစီးတီးအသင်းရဲ့ဂန္တဝင်ကစားသမား ဒေးဗစ်ဆေးလ်ဗားဟာ လာမယ့်ရာသီမှာ မန်စီးတီးကစားသမားဘဝကို စွန့်လွှတ်ပြီး ကာတာကလပ်ကို ပြောင်းရွှေ့တော့မယ်လို့ The Sun ကဖော်ပြထားပါတယ်။  

အသက် ၃၃နှစ်အရွယ် မန်စီးတီးကစားသမား ဒေးဗစ်ဆေးလ်ဗားဟာ ကိုးနှစ်ကျော်ဖြတ်သန်းလာတဲ့ မန်စီးတီးကစားသမားဘဝကို လာမယ့် ဘောလုံးရာသီမှာ အဆုံးသတ်တော့မယ်လို့ သိရပါတယ်။ The Sun ကဖော်ပြထားတဲ့ သတင်းတစ်ပုဒ်အရ ကာတာကလပ်အသင်းတစ်သင်းက ဒေးဗစ်ဆေးလ်ဗားကို နှစ်နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ စာချုပ်တန်ကြေးက အခွန်ကင်းလွတ်ခွင့်အပါအဝင် ပေါင် ၁၂ သန်းတန်ကြေးရှိတယ်လို့လည်း ခန့်မှန်းရေးသားဖော်ပြထားပါတယ်။

ဒေးဗစ်ဆေးလ်ဗားနဲ့မန်စီးတီးအသင်းစာချုပ်ဟာ လာမယ့်နှစ် ဇွန်လအထိကျန်ရှိနေသေးပေမယ့် မန်စီးတီးအသင်းဟာ ဆေးလ်ဗားကို အသင်းကထွက်ခွင့်ပြုဖွယ်ရှိနေပါတယ်။ The Sun ရဲ့ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ဆေးလ်ဗားနေရာအစားထိုးဖို့အတွက် မိုနာကိုကွင်းလယ်ကစားသမား တီရဲလ်မန့်စ်ကို ပေါင်သန်း ၄၀နဲ့ခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအသင်းကို ၂၀၁၀ဘောလုံးရာသီကတည်းကပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံလေးကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်နဲ့ လိဂ်ဖလားလေးကြိမ် ဆွတ်ခူးရယူထားနိုင်ပါတယ်။ ကာတာကလပ်ရဲ့ကမ်းလှမ်းမှုအရ ဒေးဗစ်ဆေးလ်ဗားဟာ အခွန်ကင်းလွတ်ပြီးတစ်နှစ်လုပ်ခလစာ ပေါင်ခြောက်သန်းအထိရဖို့ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က