ပေါင် ၇၂သန်းနဲ့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာဖွယ်ရှိပါတယ်။

၅နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုဖို့ရှိပြီး ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၇၂သန်းပေးချေရဖွယ်ရှိနေ ပါတယ်။

ချဲလ်ဆီးအသင်းဟာ လေဗာကူဆင်အသင်းက ကွင်းလယ်တိုက်စစ် ကစားသမားလေး ကိုင်ဟာဗက်ဇ်နဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုနိုင်ဖို့ အလွန်နီးစပ်နေပြီလို့ Goal.comက ဖော်ပြလာပါတယ်။



အသက် ၂၁နှစ်သာ ရှိသေးတဲ့ အဆိုပါ ကစားသမားလေးအတွက် ပေါင် ၇၂သန်းနဲ့ သဘောတူညီမှု ရရှိမှာ ဖြစ်ပြီး ယခုတစ်ပတ်အတွင်း အသေးစိတ်ညှိနှိုင်းမှုတွေ လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

နည်းပြလမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ နောက်ဆုံးခေါ်ယူထားတဲ့ ကလပ်စံချိန်တင် ကစားသမားက ပေါင် ၇၁.၆ သန်းပေးရတဲ့ ဂိုးသမား ကီပါ ဖြစ်ပါတယ်။

ဒါကြောင့် အခုခေါ်ယူမယ့် ကစားသမားက နောက်ဆုံး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်လာတော့မှာ ဖြစ်ပြီး သူ့အတွက် ၅နှစ် သဘောတူညီမှု ရထားတယ်လို့လည်း သိရပါတယ်။

“ကံမကောင်းစွာပဲ ကျွန်တောတို့အသင်းက ဆုံးဖြတ်ချက် မချရသေးပါဘူး။ကီဗင်ဗိုလန်နဲ့ကိုင်ဟာဗက်ဇ်တို့ နှစ်ဦး တစ်ဖန် ကျွန်တော်တို့နဲ့ ပူးပေါင်းလေ့ကျင့်နိုင်ဖို့ မမျှော်လင့်တော့ပါဘူး။အခြားသူတွေလည်း သူတို့လို ဖြစ်လာနိုင်ပါ တယ်။”လို့ လေဗာကူဆင် နည်းပြ ပီတာဘို့ဇ်က ဆိုပါတယ်။

လေဗာကူဆင်အသင်းဟာလည်း အသင်းပြောင်းတော့မယ့် ကိုင်ဟာဗက်ဇ်ရဲ့ နေရာမှာ ရိုးမားက ပက်ထရစ်ကို ပြန် လည်အစားထိုးခေါ်ယူဖို့ လုပ်ဆောင်နေပြီး ချဲလ်ဆီးအသင်းကတော့ အခုခေါ်ယူမယ့် ကိုင်က ၆ဦးမြောက် ခေါ်ယူ သူ ဖြစ်လာပါတယ်။

ဒါ့အပြင် ချဲလ်ဆီးက ဂိုးသမားတစ်ဦးကို ရှာနေပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ကီပါက အသင်းမှာ လက်စွမ်း မတည်ငြိမ်လို့ ဂိုးသမားသစ်တစ်ဦးကို ခေါ်ပြီး ကီပါကို ပြန်လည်‌ရောင်းထုတ်ဖို့ လုပ်ဆောင်နေတယ် လို့လည်း ချဲလ်ဆီးအသင်းရဲ့ နည်းစနစ်အကြံပေး ပီတာချက်က အတည်ပြုပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က