ကာဒစ်နဲ့ပွဲမှာ စတင်ကစားဖို့ များ‌နေပါတယ်။

ဘရူစတာကတော့ အဲဗာတန်ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ၁၁ မိနစ် လူစားဝင်ကစားခွင့်ရခဲ့တဲ့ အင်္ဂလန် ယူ-၂၁ လက်ရွေးစင် တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။

လီဗာပူးအသင်း တိုက်စစ်မှူး ဘရူစတာကို ဆွမ်ဆီးအသင်းက ရာသီကုန်အထိ အငှားခေါ်ယူလိုက်ပြီလို့ BBC SPORT သတင်းဌာနက ဖော်ပြ လာပါတယ်။



အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ဘရူစတာကတော့ အဲဗာတန်ကို အနိုင်ယူနိုင်ခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ရှုံးထွက်ပွဲမှာ အသင်းအတွက် အရန်လူစာရင်းကနေ ပါဝင်ကစားနိုင်ခဲ့သူပါ။



“ဆွမ်ဆီးရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခွင့်ရလာမယ့်အပေါ် ရင်ခုန်နေမိပါတယ်။အရိုးသားဆုံးပြောရရင် အသင်းနဲ့အတူ ပွဲထွက် ကစားဖို့ မစောင့်နိုင်တော့ပါဘူး။”လို့ဘရူစတာက ဆိုလာပါတယ်။

လက်ရှိ ဆွမ်ဆီးအသင်းရဲ့ နည်းပြ ကူးပါးနဲ့ ဘရူစတာတို့က အင်္ဂလန် ယူ-၁၇ အသင်းမှာလက်တွဲခဲ့ဖူးသူတွေ ဖြစ်လို့ တစ်ယောက်အကြောင်း တစ်ယောက် နားလည်ထားသူတွေလည်းဖြစ်ပါတယ်။

ဘရူစတာအနေနဲ့ လီဗာပူး ကစားသမားအဖြစ် ပထမဆုံးပွဲကိုတော့ ဒီနှစ်ကာရာဘောင်ပွဲမှာ ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ အဲဗာတန်နဲ့ အက်ဖ်အေပွဲမှာလည်း ၁၁ မိနစ်ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

အင်္ဂလန်ယူ-၂၁ လက်ရွေးစင်အတွက် ဆွမ်ဆီးနဲ့ ပထမဆုံးပွဲက လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် ကာဒစ်အသင်းနဲ့ တောင်ဝေးလ်ဒါဘီပွဲဖြစ်ဖို့များနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က