အနာဂတ်က ဘာဖြစ်လာမလဲမသိဘူးလို့ဆိုခဲ့တာပါ။
Pyae Phyo Thein

လီဗာပူးလ်ကိုရောက်ရှိလာခဲ့ပြီးနောက် တောက်လျှောက်ခြေစွမ်းပြနေပြီး အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့တဲ့ အီဂျစ်တိုက်စစ်မှူးက အနာဂတ်ကို ဘာမှမပြောနိုင်ဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။


လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားမိုဟာမက်ဆာလာဟာ အသင်းနဲ့သူ့ရဲ့အနာဂတ်ကို မသေမချာပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဒါဟာ အန်ဖီးလ်ကနေ သူ ထွက်ခွာနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေကို ပိုမိုခိုင်မာလာစေခဲ့ပြီး ဆာလာရဲ့ အနာဂတ်ဟာ စိတ်ဝင်စားဖွယ်ရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ 

လီဗာပူးလ်ကိုရောက်ရှိလာခဲ့ပြီးနောက် တောက်လျှောက်ခြေစွမ်းပြနေပြီး အောင်မြင်မှုတွေကိုလည်း ရယူနိုင်ခဲ့တဲ့ အီဂျစ်တိုက်စစ်မှူးက အနာဂတ်ကို ဘာမှမပြောနိုင်ဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အသင်းအောင်ပွဲတွေအတွက် ပျော်ရွှင်နေပြီး ဘာဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရုံပဲရှိတယ်လို့ ပြောဆိုသွားခဲ့တာပါ။

"လက်ရှိနေ့ရက်၊ လက်ရှိအခိုက်အတန့်အတွက်ကိုပဲ ကျွန်တော်ပျော်ရွှင်နေချင်ပါတယ်၊ အနာဂတ်ကိုဘယ်သူကများသိနိုင်မှာလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာကိုလည်း သိနိုင်မှာမို့လို့လဲ၊ ဘာဖြစ်လာမလဲစောင့်ကြည့်ကြတာပေါ့၊ ဒါပေမယ့် လက်ရှိမှာ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့လို့ ကျွန်တော်ပျော်ရွှင်မိပါတယ်"

"အနာဂတ်မှာဘာဖြစ်မလဲစောင့်ကြည့်ကြတာပေါ့၊ ဒါပေမယ့် အသင်းရဲ့ အောင်မြင်မှုတွေအတွက် ကျွန်တော်ပျော်ရွှင်နေပါတယ်" လို့ ဆာလာက LA FM Colombia ကို ပြောဆိုသွားခဲ့ပါတယ်။ ဆာလာကတော့ ၂၀၁၈၊ ၂၀၁၉ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပြီးတော့ လီဗာပူးလ်ရဲ့ အဓိကတိုက်စစ်မှူးအဖြစ် ရပ်တည်နေခဲ့သူဖြစ်ပါတယ်။ 


Author


က္က