ပေါင်သန်း ၅၀တန်ကြေးရှိတယ်လို့ သိရပါတယ်။

ပေါင်သန်း ၅၀ တန်ကြေးရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ ဟာလန်းကို လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကို မန်စီးတီးအသင်းက ကင်းထောက်တွေစေလွှတ်ခဲ့တာလို့ သိရပါတယ်။


မန်ချက်စတာစီးတီးအသင်းဟာ ဆဲလ်ဇ်ဘာ့ဂျ်အသင်းရဲ့ လူငယ်တိုက်စစ်မှူးဟာလန်းကို ခေါ်ယူဖို့အတွက် စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။ ပေါင်သန်း ၅၀ တန်ကြေးရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ ဟာလန်းကို လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကို မန်စီးတီးအသင်းက ကင်းထောက်တွေစေလွှတ်ခဲ့တာလို့ သိရပါတယ်။

နော်ဝေလက်ရွေးစင်အဖြစ်လည်း ရွေးချယ်ခံထားရတဲ့ ဟာလန်းက အဆိုပါပွဲမှာ ဆဲလ်ဇ်ဘာ့ဂျ်အတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟာလန်းက ဆဲလ်ဇ်ဘာ့ဂျ်အတွက် သွင်းဂိုး ၄ဂိုးအထိ သွင်းယူပေးထားပြီး သူ့ရဲ့ ချန်ပီယံလိဂ်ပထမဆုံးပွဲမှာပဲ ဟက်ထရစ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ထိပ်သီးအသင်းတွေကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့ ဟာလန်းကို ကြိုးစားနေမှုမှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သတင်းများအရ ဟာလန်းကို အဆိုပါအသင်းတွေကလည်း စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပြီး လာမယ့်နွေရာသီမှာ ဟာလန်းကို အသင်းကြီးတစ်သင်းသင်းမှာ မြင်တွေ့ရဖွယ်လည်းရှိနေပြီဖြစ်ပါတယ်။

ဟာလန်းကတော့ ဆဲလ်ဇ်ဘာ့ဂျ်နဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ လက်ရှိခြေစွမ်းကိုသာ ဆက်လက်ထိန်းသိမ်းထားမယ်ဆိုပါက ဟာလန်းအနေနဲ့ ဆဲလ်ဇ်ဘာ့ဂျ်အသင်းမှာ ဆက်လက်ရှိနေဖို့ မသေချာဘဲ အသင်းပြောင်းရွှေ့ရဖွယ်ရှိတယ်လို့လည်း The Sun က ရေးသားဖော်ပြခဲ့ပြီး မန်စီးတီးက အဂူရိုရဲ့နေရာမှာ ရေရှည်အစားထိုးဖို့ စီစဉ်နေတာဖြစ်ပါတယ်။



က္က