မကြာခင် အပြီးသတ်စာချုပ်ချုပ်ဆိုတော့မှာပါ။
Pyae Phyo Thein

ယူနိုက်တက်ဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပြီး မကြာခင်မှာ စာချုပ်ချုပ်ဆိုတော့မှာဖြစ်ပါတယ်။ 


နယ်သာလန်ရဲ့ နာမည်ကျော်ကွင်းလယ်လူဟောင်းဗန်ဒါဗတ်က ဗန်ဒီဘိခ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ အပြောင်းအရွှေ့ဟာ လိုက်ဖက်ညီမှုတစ်ခုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပြီး မကြာခင်မှာ စာချုပ်ချုပ်ဆိုတော့မှာဖြစ်ပါတယ်။ 

ဗန်ဒီဘိခ်ဟာ ဖရန့်ဖတ်နဲ့အေဂျက်ဇ်တို့ ကစားခဲ့တဲ့ ခြေစမ်းပွဲကို ပါဝင်ခြင်းမရှိခဲ့ဘဲ အပြောင်းအရွှေ့ကိစ္စရပ်တွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဘက်က တရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ပြီးနောက် အေဂျက်ဇ်က ချက်ချင်းပဲလက်ခံခဲ့ကာ အသက် ၂၃နှစ်အရွယ်ကစားသမားဟာ မကြာခင်မှာ ယူနိုက်တက်ကစားသမားဖြစ်လာတော့မယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


စပါးနဲ့ ရီးရဲလ်ကစားသမားဟောင်းဗန်ဒါဗတ်က "ဒီအပြောင်းအရွှေ့က ဒွန်နီအတွက် ထိုက်တန်ပါတယ်၊ အေဂျက်ဇ်အတွက် သူ အကောင်းဆုံးကစားပေးခဲ့ပြီးပါပြီ၊ ယူနိုက်တက်ကလည်း သူ့လိုကစားသမားမျိုးကို တကယ်လိုအပ်နေတာဖြစ်ပြီး ဒီအပြောင်းအရွှေ့က ကျွန်တော်တို့ နယ်သာလန်ပရိသတ်တွေအတွက်လည်း ကောင်းမွန်မှုတစ်ခုဖြစ်ခဲ့ပါတယ်"

"အခုဆိုရင် ဗန်ဒီဘိခ်အပြောင်းအရွှေ့နောက်ကို ကျွန်တော်တို့အားလုံးစီးမျောနေခဲ့ပါပြီ၊ သူက ဒီလိုပြောင်းရွှေ့ဖို့ ထိုက်တန်ပါတယ်" လို့ ဗန်ဒါဗတ်က မှတ်ချက်ပြုခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်အကယ်ဒမီက ထွက်ပေါ်လာခဲ့သူဖြစ်ပြီး အသင်းကြီးအတွက် ၅ နှစ်ကြာ ကစားပေးခဲ့ကာ ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ခွင့်ရရှိခဲ့ပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။

၂၀၁၈-၁၉ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေဂျက်ဇ်နဲ့အတူ တောက်ပခဲ့ပြီးတော့ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံသွင်းဂိုး ၁၀ ဂိုးအထိရရှိခဲ့သူဖြစ်ပါတယ်။ ဗန်ဒီဘိခ်ရဲ့အပြောင်းအရွှေ့ကို နှစ်ဖက်အသင်းက အတည်မပြုသေးပေမယ့်လည်း ယူနိုက်တက်ကစားသမားဖြစ်လာဖို့ ရာနှုန်းပြည့်သေချာခဲ့ပြီလို့ ဟော်လန်သတင်းဌာနတွေကလည်း ဖော်ပြခဲ့သလို နာမည်ကျော်သတင်းဌာနအများအပြားကလည်း ဖော်ပြခဲ့ကြပါတယ်။ 


Author


က္က