ပေါင်သန်း ၉ဝအထိ လေဗာကူဆင်က လိုချင်နေပါတယ်။
Pyae Phyo Thein

ဂျာမနီသတင်းစာ Bild က ဖော်ပြခဲ့တာဖြစ်ပြီး အသက် ၂၁နှစ်အရွယ် ကစားသမားဟာ လေဗာကူဆင်ကနေ သေချာပေါက်ထွက်ခွာဖို့ရှိနေပြီဖြစ်ပါတယ်။ 


ချယ်လ်ဆီးအနေနဲ့ ပေါင်၈၉သန်းပေးချေဖို့ သဘောတူညီခဲ့ပါက သူ့ကိုပြောင်းရွှေ့ခွင့်ပေးဖို့အတွက် လေဗာကူဆင်အသင်းကွင်းလယ်လူကိုင်ဟာဗက်ဇ်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီသတင်းစာ Bild က ဖော်ပြခဲ့တာဖြစ်ပြီး အသက် ၂၁နှစ်အရွယ် ကစားသမားဟာ လေဗာကူဆင်ကနေ သေချာပေါက်ထွက်ခွာဖို့ရှိနေပြီဖြစ်ပါတယ်။ 

ချယ်လ်ဆီးနဲ့လီဗာပူးလ်တို့က ဟာဗက်ဇ်ကို စိတ်ဝင်စားနေတာဖြစ်ပြီး လောလောလတ်လတ်ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးလ်အတွက်တော့ လေဗာကူဆင်အသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးက များပြားလွန်းနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးကတော့ လက်ရှိမှာ ဟာဗက်ဇ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ်ရှိနေပါတယ်။ 

ဟာဗက်ဇ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီးကသာ လေဗာကူဆင်တောင်းဆိုတဲ့ ငွေကြေးပမာဏကို ပေးချေနိုင်တဲ့ တစ်ခုတည်းသောအသင်းအဖြစ်ရှိနေတယ်လို့ Bild က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ ကနဦးအနေနဲ့ ပေါင် ၆၃သန်းကို အရင်ဆုံးပေးချေသွားပြီး ကျန်ငွေကြေးကိုတော့ အပိုထပ်ဆောင်းပေးရမယ့်ထဲကို ထည့်သွင်းချင်တယ်လို့လည်း သိရပါတယ်။ 

ချယ်လ်ဆီးသာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့မယ်ဆိုပါက ဟာဗက်ဇ်က သေချာပေါက်ပြောင်းရွှေ့နိုင်တယ်လို့သိရပြီး လက်ရှိမှာလည်း အသင်းကိုခွင့်တောင်းမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ဟာဗက်ဇ်ကို ခေါ်ယူချင်နေပေမယ့်လည်း ပြောင်းရွှေ့ကြေးကြောင့် အခက်အခဲဖြစ်နေပြီး စျေးနှုန်းမြင့်မားတဲ့ကစားသမားတွေကို ဝယ်ယူနိုင်ဖို့ အလားအလာမှာမရှိဘူးလို့လည်း သိရပါတယ်။ 


Author


က္က