ပေါင် သန်း ၅၀ စျေးခေါ်ထားပါတယ်။

ဟောက်ဆန်အဝါအတွက် လိုင်ယွန်က ပေါင် သန်း၅၀ အလိုရှိပေမယ့် အာဆင်နယ်က ဂွမ်ဒိုဇီကို အလိုက်ပေး ကမ်းလှမ်းခဲ့တာကြောင့် ပထမအကြိမ် ပယ်ချခြင်း ခံထားရပါတယ်။

မောင့်ပယ်လီယာကို ၂-၁နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရတဲ့ ကွင်းလယ်လူ ဟောက်ဆန်အဝါအနေနဲ့ အဆိုပါ ပွဲဟာ လိုင်ယွန်အသင်းအတွက် နောက်ဆုံး ကစားပေးနိုင်မယ့် ပွဲဖြစ်နိုင်တယ်လို့ Mirror သတင်းဌာနက ဖော်ပြ လာပါတယ်။



အဆိုပါ ပြင်သစ် ကွင်းလယ်လူဟာ မနှစ်က ဘောလုံးရာသီမှာ လိုင်ယွန်နဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် အာဆင်နယ်၊မန်စီးတီးနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ အပြိုင်စိတ်ဝင်စားခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။

လိုင်ယွန်အသင်းကလည်း ကစားသမားအတွက် ပေါင် သန်း ၅၀ အနည်းဆုံး အလိုရှိနေခဲ့ပြီး တောင်းဆိုခဲ့ပေမယ့် အာဆင်နယ်အသင်းရဲ့ နည်းပြအာတီတာနဲ့ အားကစားဒါရိုက် အီဒူတို့ကတော့ သန်း ၅၀ စလုံးကို ငွေသားနဲ့ မပေး ချေနိုင်ပဲ ကစာသးမားတစ်ဦး အလိုက်ပေးတဲ့အနေနဲ့ ဂွမ်ဒိုဇီကို အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ပါတယ်။

အဆိုပါ ကမ်းလှမ်းမှုကိုတော့ လိုင်ယွန်အသင်းက ချက်ခြင်းဆိုသလို ပယ်ချခဲ့ပေမယ့် အာဆင်နယ်အသင်းကတော့ အပြောင်းအရွှေ့ ရာသီမပိတ်ခင် ကစားသမားကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

လက်ရှိမှာတော့ လိုင်ယွန် ကွင်းလယ်လူဟာ အနီကဒ်ပြစ်ဒဏ်ကြောင့် ၃ပွဲပယ်ခံထားရပြီ ဖြစ်ပြီး ကလပ်အသင်းက လည်း သူ့ကို ရောင်းဖို့ ဆန္ဒရှိနေတာကြောင့် အဆိုပါပွဲဟာ သူ့အတွက် နောက်ဆုံးပွဲဖြစ်ဖို့ များလာနိုင်တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က