ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့လိုနေတာပါ။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် လီဝန်ဒေါစကီးဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လိုစိတ်မရှိဘူးလို့ သိရပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်လက်ရှိနေဖို့ကလည်း မဖြစ်နိုင်ကြောင်း ပိုလန်ကလာတဲ့သတင်းတွေအရ သိရပါတယ်။ လီဝန်ဒေါစကီးဟာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိနေတာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ မန်ယူအသင်းတို့က ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။

gettyimages-961764744.jpg

Photos: Metro

ဘိုင်ယန်မြူးနစ်အသင်းဟာ ၎င်းတို့ရဲ့အဓိကတိုက်စစ်မှူးကို လက်လွှတ်ဆုံးရှုံးရတော့မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဥရောပထိပ်သီးကလပ်အသင်းကြီးတွေကလည်း လီဝန်ဒေါစကီးကို သူ့ထက်ငါအပြိုင်လုဖို့ အဆင်သင့်စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က ဘိုင်ယန်မြူးနစ်အသင်းရဲ့ဥက္ကဌကို တကယ်လို့ လီဝန်ဒေါစကီးကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ပေးချေဖို့ အဆင်သင့်ရှိကြောင်း ပြောကြားထားပါတယ်။

မက်ဆီနဲ့ဆွာရက်ဇ်ကို စိန်ခေါ်မိလို့ ပိုက်ဆံနေ့တိုင်း ပေးနေရတဲ့ ယယ်ရီမီနာ 

လီဝန်ဒေါစကီးဟာ လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဘာနေဗျူးကို သွားရောက်ဖို့အတွက် အချိန်မရှိတော့ဘူးလို့ ခံစားနေရတယ်လို့ သိရပါတယ်။

Photos: Metro

 

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသင်းရဲ့ဂိုးသွင်းစက်ဖြစ်တဲ့ လီဝန်ဒေါစကီးကို နောက်ထပ်တိုက်စစ်မှူးတစ်ဦး မရမချင်း ရောင်းချဖို့ဆန္ဒမရှိဘူးလို့ သိရပါတယ်။ လီဝန်ဒေါစကီးဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့မှာမဟုတ်ဘူးဆိုတာကိုတော့ ရှင်းလင်းအောင် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Prezeglad Sportowy ရဲ့သတင်းအရ လီဝန်ဒေါစကီးက မန်ချက်စတာဟာ နေထိုင်ဖို့အတွက် ဆွဲဆောင်မှုမရှိတဲ့နေရာလို့ ရှုမြင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းကတော့ ၎င်းအတွက် ပိုမိုသင့်တော်မယ်လို့ ယူဆနေပြီး နေမာ၊ ဘတ်ပီတို့နဲ့ ၃ ယောက်တိုက်စစ်တွဲအဖြစ် ကစားဖို့က လီဝန်ဒေါစကီးကို အဓိက ဆွဲဆောင်နေတဲ့အရာဖြစ်တယ်လို့ သိရပါတယ်။

Photos: Metro

 

ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိသေးတဲ့ လီဝန်ဒေါစကီးနဲ့ပတ်သက်ပြီး နည်းပြ နီကိုကိုဗက်က အသင်းကနေ ထွက်ခွာမယ်ဆိုတဲ့သတင်းတွေက မဟုတ်မှန်ကြောင်းနဲ့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားမယ်လို့ ပြောကြားခဲ့ပါတယ်။

"ရောဘတ်နဲ့ပတ်သက်ပြီး ဘာသတင်းမှမရှိပါဘူး။ သူအသင်းကနေ ထွက်ခွာသွားမှာမဟုတ်ဘူးဆိုတာ ရှင်းနေတာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ထိပ်တန်းတိုက်စစ်မှူးရှိနေတယ်။ ကျွန်တော်တို့လည်း သူ့ကို သေချာပေါက် ထွက်ခွာခွင့်မပေးနိုင်ပါဘူး"

"သူနဲ့အတူ ကျွန်တော်တို့ ဆုဖလားတွေအများကြီးရရှိခဲ့တယ်။ သူက အရမ်းတော်တဲ့ကစားသမားတစ်ယောက်ပါ။ ဘွန်ဒက်စ်လီဂါမှာ အောင်မြင်မှုအများကြီးရယူထားနိုင်ပြီး ဂိုးတွေလည်း အများကြီးသွင်းယူထားနိုင်တဲ့သူပါ။ အခု လာမယ့်ရာသီသစ်မှာ ဂိုးတွေအများကြီး သွင်းယူဦးမှာပါ"

"ရောဘတ်က တခြားတစ်နေရာကို သွားမယ်ဆိုတဲ့သတင်းနဲ့ ဆော့ကစားနေတယ်ဆိုတာ အမှန်ပါပဲ။ သူ့မှာရှိတဲ့အရာတွေထဲက သူနှစ်သက်တဲ့ တစ်ခုတည်းသောအရာပါ။ တခြားဟာတွေကတော့ ကျွန်တော်တို့လုပ်ချင်တဲ့ဟာတွေပါ"

"ရောဘတ်မှာ အသင်းနဲ့စာချုပ်ရှိပါသေးတယ်။ ဘယ်လောက်အထိလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ သူ ဒီမှာ နေနိုင်သမျှ သေချာပေါက် နေပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က