၂၅ ရာခိုင်နှုန်းအထိ လစာလျော့ယူခဲ့တာပါ။

မူလက မာတာအနေနဲ့ တစ်လကို ပေါင် ၁၈၀၀၀၀ ရရှိနေရာမှ ယခုအခါ ပေါင် ၁၃၅၀၀၀ သာရရှိတော့မှာလို့ လည်းသိရပါတယ်။

မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့တဲ့ ဂျူအန်မာတာဟာ အသင်းမှာ ရရှိနေတဲ့ မူလ လစာထက် ၂၅ရာခိုင်နှုန်း လျော့ပြီး ယူကာ စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့တာလို့ Fox Sports Asia သတင်းဌာနက ဖော်ပြလာပါ တယ်။

မူလက မာတာအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရရှိနေရာမှ လက်ရှိ ၂ နှစ်သက်တမ်းတိုး စာချုပ်မှာတော့ တစ်ပတ်ကို ပေါင် ၁၃၅၀၀၀ သာရရှိတော့တာ ဖြစ်တာကြောင့် ပေါင် ၄၅၀၀၀ အထိ လျော့ပြီးယူခဲ့တာ တွေ့ရပါ တယ်။

ချဲလ်ဆီး ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်တာ မာတာဟာ မန်ယူနဲ့ချုပ်ဆိုထားတဲ့ စာချုပ်က ဒီဇွန်လမှာ ပြည့်တာပါ။

ဒါပေမယ့် ခေါ်ယူမယ့်အသင်း မရှိပဲ ဖြစ်နေခဲ့ပြီး မာတာအနေနဲ့ မန်ယူအသင်းနဲ့သာ ဆက်လက် လက်တွဲခဲ့တာ ဖြစ်တယ်လို့လည်း The Sun သတင်းဌာနက သုံးသပ်ဖော်ပြထားပါတယ်။

စာချုပ်သစ် ချုပ်ဆိုဖြစ်တဲ့ မာတာကလည်း မန်ယူမှာအရမ်းပျော်သလို နည်းပြ ဆိုးလ်ရှားရဲ့ လာမယ့်နှစ် စီမံကိန်းမှာ တစ်ထောင့်တစ်နေရာက ပါဝင်ချင်တယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

မန်ယူကတော့ မနှစ်က အဆင့် ၆ သာ ရခဲ့လို့ လာမယ့်နှစ်မှာ ယူရိုပါလိဂ် ကစားရမှာ ဖြစ်ပြီး မနှစ်ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။



က္က