မကြာမီအတည်ပြုကြေညာဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ အပြောင်းအရွှေ့အတွက် ငွေကြေးတစ်ရပ်ပေးချေဖို့အတွက် စတင်ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိလာခဲ့တာပါ။

အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူးမာတီနက်ဇ်အနေနဲ့ စပိန်လာလီဂါသို့ပြောင်းရွှေ့ကစားဖို့ေ သချာတဲ့အခြေအနေတစ်ခုဖြစ်လာခဲ့ပြီး ဘာစီလိုနာအသင်းနဲ့အကြား အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တ ယ်လို့ football italia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မာတီနက်ဇ်ရဲ့ အပြောင်းအရွှေ့သတင်းအများစုက COVID-19 ကြောင့် ပွဲစဉ်တွေရပ်နားထားရတဲ့ကာလအတွ င်း အလှုပ်ခတ်ဆုံးဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းအနေနဲ့ကလည်း ကစားသမားဖြစ်သူကိုခေါ်ယူဖို့အတွက် ပြောင်း ရွှေ့ကြေးအပြင် ကစားသမား ၂ဦးအထိအလိုက်ပေးကမ်းလှမ်း ဖို့ပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။



ထွက်ပေါ်လာတဲ့သတင်းတွေအပေါ်အသင်းနှစ်သင်းလုံးက အတည်ပြုခြင်းမရှိသေးသလို ကစားသမားဖြစ်သူကို ယ်တိုင်ကလည်း ဝန်ခံခြင်းမရှိသေးပေမယ့် မာတီနက်ဇ်ရဲ့ အသင်းဟောင်းဖြစ်တဲ့ ရေးဆင်းအသင်းဥက္ကဋ္ဌရဲ့မှတ် ချက်ကြောင့် အခုလိုသတင်းဖော်ပြမှုတွေရှိလာခဲ့တာပါ။

အာဂျင်တီးနားကလပ်ရေးဆင်းအသင်းအနေနဲ့ မာတီနက်ဇ်ကို အင်တာမီလန်အသင်းဆီရောင်းချခဲ့စဉ်က ခြေစွ မ်းအပေါ်အခြေခံတဲ့ သဘောတူညီချက်အချို့ထည့်သွင်းချုပ်ဆိုခဲ့ပြီးထိပ်သီးအသင်းတစ်သင်းသင်းဆီထပ်မံပြော င်းရွှေ့ဖြစ်ခဲ့ပါက အပြောင်းအရွှေ့ရဲ့ ၂ဝရာခိုင်နှုန်းကို ရယူဖို့ သဘောတူထားခဲ့တာလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုအချို့အရ ပေါင်သန်း ဘာစီလိုနာအသင်းရဲ့ ပေါင်သန်း ၆ဝဝန်းကျင်နဲ့ကမ်းလှမ်းမှုအပေါ် အင် တာမီလန်အသင်းက လက်ခံခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အီတလီမီဒီယာတွေရဲ့ဖော်ပြချက်မှာတော့ အင်တမီလန်အသင်းအနေနဲ့ မာတီနက်ဇ်၊ အိုင်ကာဒီတို့နှစ်ဦးလုံးကို လက်လွှတ်ရဖို့ရှိနေတဲ့အတွင် ဘာစီလိုနာ အသင်းဆီကနေ တိုက်စစ်ကစားသမားတစ်ဦးအလိုက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ဖော်ပြမှုတွေရှိနေခဲ့ တာပါ။



က္က