ရော်နယ်ဒိုရှိနေတဲ့ ဂျူဗင်တပ်အသင်းက စိတ်ဝင်စားနေသူပါ။
Kyaw Ko Ko Sint
မာဆယ်လိုအနေနဲ့ နည်းပြဇီဒန်း လက်ထက်မှာ လာလီဂါ တစ်ကြိမ်၊ ချန်ပီယံလိဂ် ၃ နှစ်ဆက်တို့ကို ပိုင်ဆိုင်ထားနိုင်တဲ့ အဓိက ဘယ်နောက်ခံလူ တစ်ဦးဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းကို တကျော့ပြန် ရောက်ရှိလာတဲ့ ဇီဒန်းကတော့ အသင်းက ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ မာဆယ်လိုကို မသွားဖို့ တားမြစ်နေပြီလို့ 90 MINက ဖော်ပြပါတယ်။

အသက် ၃၀ ရှိပြီ ဖြစ်တဲ့ မာဆယ်လိုအနေနဲ့ ယခင် နည်းပြဟောင်း ဆိုလာရီ လက်ထက်မှာ အသင်းက ထွက်ခွာတော့မယ်လို့သတင်းထွက်ပေါ်ခဲ့သူပါ။ ဒါကြောင့်လည်း ဆရာဟောင်းဖြစ်တဲ့ ဇီဒန်း ပြန်ရောက်လာချိန်မှာ မာဆယ်လိုကဲ့သို့ အတွေ့အကြုံရင့် နောက်ခံလူကို ဆက်ထိန်းထားဖို့ ရီးရဲအသင်းကြိုးပမ်းလာတာ ဖြစ်ပါတယ်။

မာဆယ်လိုအနေနဲ့ ယခင် အသင်းဖော်ဟောင်း ရော်နယ်ဒိုရှိနေတဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းမယ်လို့ သ တင်းတွေ ထွက်နေသလို ဂျူဗင်တပ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။ မာဆယ်လိုကတော့ နည်းပြဇီဒန်းလက်အောက်မှာ လာလီဂါ တစ်ကြိမ် ချန်ပီယံလိဂ် ၃ နှစ်ဆက် ဆုဖလားတို့ကို ရရှိနိုင်ခဲ့ပါတယ်။ အခုချိန်မှာ ရီးရဲက ဇီဒန်းကို ၂၀၂၂ ခုနှစ်မတိုင်ခင်အထိ ပြန်လည်စာချုပ်ခေါ်ယူထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့် လည်း ရီးရဲကတော့ ဒီနှစ်မှာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

မာဆယ်လိုကတော့ ၂၀၀၇ တုန်းက ဖလူမင်နိစ့်အသင်းကနေ ရီးရဲကို ရောက်လာချိန်ကတည်းက ပွဲပေါင်း ၄၅၀ ကျော် ကစားပေးထားနိုင်သလို၊ လာလီဂါ အမှတ်ပေးဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်နဲ့ ကိုပါဒယ် ရေးဖလား ၂ ကြိမ်တို့ကို ရီးရဲ ကစားသမား သက်တမ်း ၁၂ နှစ်အတွင်း ပိုင်ဆိုင်ထားနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က