အပြောင်းအရွှေ့သတင်းအားလုံးကို အေးဂျင့်ဖြစ်သူက ငြင်းဆန်လိုက်တာပါ။
Win Kyaw Min

ရီးရဲလ်အသင်းအတွက် ဆက်လက်ကိုယ်စားပြုကစားဖို့ ဆုံးဖြတ်ထားတဲ့ ဂါရတ်ဘေးလ်ကို အမေရိကန်မေဂျာလိ ဂ်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့အတွက် အမေရိကန်မေဂျာလိဂ်အသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းထွ က်ပေါ်နေမှုများကို အေးဂျင့်ဖြစ်သူက ငြင်းဆန်ခဲ့ပြီး ကစားသမားအနေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်အထိ ရီး ရဲလ်မှာပဲ ဆက်ရှိနေမှာဖြစ်ကြောင့် တုံ့ပြန်ပြောဆိုခဲ့မှုကို as.com က ဖော်ပြချက်အရ သိရပါတယ်။

အစောပိုင်းသတင်းထွက်ပေါ်မှုတွင် ဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်တဲ့ အင်တာမီယာမီအသင်းအပြင် အခြားသောအ မေရိကန်မေဂျာလိဂ်အသင်း ၅သင်းခန့်က ဂါရတ်ဘေးလ်ကို ကမ်းလှမ်းဖို့အတွက် အသင့်ဖြစ်နေပြီဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိခဲ့တာလည်းဖြစ်ပါတယ်။



“ ဂါရတ်ဘေးလ်ရဲ့အပြောင်းအရွှေ့သတင်းတွေအတွက် တကယ်ကိုအံအားသင့်ရပါတယ်။ အေးဂျင့်ဖြစ်သူကိုယ် တိုင်မသိတဲ့အခြေအနေကို သတင်းတွေဖော်ပြနေတာပါ။ ကောလဟာတွေဖြစ်သလို အမှိုက်တွေပါ။ ကစားသ မားကိုယ်တိုင်က စာချုပ်ကုန်တဲ့အထိ ရီးရဲလ်မှာဆက်ရှိနေဖို့ ဆုံးဖြတ်ထားပြီးပါပြီ ” လို့ ဘေးလ်ရဲ့အေးဂျင့်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ရီးရဲလ်နည်းပြဇီဒန်းနဲ့အကြား ညှိနှိုင်းမှုအချို့ပြန်လည်အဆင်ပြေခဲ့ပြီးနောက် အသင်းအတွက် ဆက်ကစားပေးဖို့ ဆုံးဖြတ်ထားတဲ့ ဂါရတ်ဘေးလ်ကို ခေါ်ယူလိုတဲ့အသင်းအများစုရှိနေတယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြုထား ခဲ့ပေမယ့် လက်ရှိမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၂ အထိ လာလီဂါမှာပဲ ဆက်ရှိနေဖို့ရှိနေပါတယ်။

ဂါရတ်ဘေးလ်ကိုယ်တိုင်ကလည်း ရီးရဲလ်နဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၂ နောက်ပိုင်းမှသာ အနာဂတ်အ တွက် ဆုံးဖြတ်ဖို့ရှိနေခဲ့ပြီး အသင်းဟောင်းစပါးအသင်းရဲ့ပွဲစဉ်တွေကို အမြဲစောင့်ကြည့်ပြီး ပရိသတ်အဖြစ်ရှိနေ ဆဲလို့ ုထုတ်ဖော်ပြောဆိုထားခြင်းကလည်း အနာဂတ်အခြေအနေတစ်ခုဖြစ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။


Author

  • Win Kyaw Min

က္က