ဆီဗီလာက ‌ပြောင်း‌ရွှေ့သွားတာပါ။
Kyaw Ko Ko Sint

အသက် ၃၁ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး ယူနိုက်တက်အသင်းမှာ ၂၀၁၀ ကနေ ၂၀၁၅ အထိ ကစားခဲ့တဲ့ မက္ကဆီကို တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။

မက္ကဆီကို လက်ရွေးစင် ဟာနန်ဒက်စ်ကတော့ အယ်လ်အေ ဂလက်ဆီအသင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၀၃၀၀၀ နဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါပြီ။

ဆီဗီလာအသင်းက ပြောင်းရွှေ့ခဲ့တဲ့ ဟာနန်ဒက်စ်ဟာ အခုစာချုပ်ပါ လစာကြောင့် မေဂျာလိဂ်မှာ လုပ်ခလစာ အမြင့်ဆုံး ကစားသမားဖြစ်လာခဲ့တယ်လို့ Daily Mail သတင်းဌာနကဖော်ပြလာပါတယ်။

ဟာနန်ဒက်စ် မတိုင်ခင်က မေဂျာလိဂ်မှာလုပ်ခအမြင့်ဆုံး ကစားသမားက အေစီမီလန်က ပြောင်းရွှေ့ခဲ့တဲ့ အီဘရာ ဟီမိုဗစ် ဖြစ်ပါတယ်။



ဟာနန်ဒက်စ်ကတော့ ဆီဗီလာအသင်းကို ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းကနေ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အခုလို အမေရိကန်မှာ ပြောင်းရွှေ့ ကစားလာတာကတော့ ငယ်စဥ်က အိပ်မက်ကို အကောင်အထည် ဖော်လိုက်တာလို့ သိရပါတယ်။

အခု ဂလက်ဆီအသင်း ပေးချေတဲ့ တစ်နှစ်လုပ်ခ ပေါင် ၈ သန်းကတော့ ၂၀၁၅တုန်းက ဆန်းတို့စ်အသင်းက ဂျီအို ဗန်နီကို ပေးတဲ့ လုပ်ခထက် ၃ သန်း ပိုတယ်လို့လည်းသိရပါတယ်။

ဟာနန်ဒက်စ်နဲ့ နိုင်ငံတူ အသင်းဖော် ကားလို့စ်ဗီလာလည်းမေဂျာလိဂ်ကလပ် တစ်သင်းဖြစ်တဲ့ လော့စ်အိန်ဂျလိစ် မှာ ကစားနေပါတယ်။

ဟာနန်ဒက်စ်ကတော့ တစ်ချိန်က ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး တစ်ဦးအဖြစ် ၂၀၁၀ ကနေ ၂၀၁၅အထိ ကစားခဲ့ပြီး ၁၀၃ ပွဲမှာ ၃၇ ဂိုးသွင်းယူနိုင်ခဲ့သူပါ။


Author


က္က