မူစတာဖီကို အာဆင်နယ်အသင်းက အပြောင်းအရွှေ့ ရာသီတိုင်းမှာရောင်းချဖို့ စီစဉ်ခဲ့ပေမယ့်လည်း ခေါ်ယူမယ့်အသင်း မရှိခဲ့ဘဲ့ ယခု အပြောင်းအရွှေ့ကာလမှာတော့ မိုနာကို အသင်းက ခေါ်ယူဖို့စိတ်ဝင်စားလာခဲ့ပါတယ်။
မိုနာကိုအသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ပြီးနောက် အာဆင်နယ်အသင်းကေ နောက်ခံလူ မူစတာဖီရဲ့တန်ကြေးကို သတ်မှတ်လိုက်တယ်လို့ Metro.com သတင်းဌာနကဖော်ပြပါတယ်။ မူစတာဖီကတော့ အာဆင်နယ်ကို ဗလင်စီယာအသင်းကနေ ၂၀၁၆ ခုနှစ်မှာ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မကြာခဏ အမှားတွေ ကျူးလွန်မိတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုရဖို့ ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ လိုင်ယွန်အသင်းတို့ ပွဲစဉ်မှာလည်း ဒုတိယပိုင်းမှာ ချမ်ဘာနေရာ အစားထိုး ကစားခွင့်ရခဲ့ပေမယ့် ဒုတိယပိုင်းမှာပဲ လိုင်ယွန်အသင်းက သွင်းဂိုး ၂ ဂိုးရရှိသွားခဲ့ပါတယ်။
အာဆင်နယ်က အဆိုပါကစားသမားကို အပြောင်းအရွှေ့ဈေးကွက်ရောက်တိုင်း ရောင်းချနိုင်ဖို့ စီစဉ်ခဲ့ပေမယ့် ကမ်းလှမ်းတဲ့အသင်း မရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မိုနာကိုအသင်းက စိတ်ဝင်စားလာခဲ့ပါတယ်။ ပြင်သစ် မဂ္ဂဇင်း L.Equipe ရဲ့ ဖော်ပြချက်အရ မူစတာဖီကို မိုနာကိုက ခေါ်ယူဖို့စိတ်ဝင်စားနေပြီး အာဆင်နယ်က ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
အီတလီစီရီးအေမှ အေစီမီလန်အသင်းကလည်း ပြီးခဲ့တဲ့ မေလကတည်းက မူစတာဖီကို ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ အာဆင်နယ်နဲ့ မူစတာဖီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကတော့ လာမယ့် ၂၀၂၁ ခုနှစ်အထိ ရှိနေသေးပြီး အာဆင်နယ်က လက်ရှိမှာ ကစားသမားသစ်တွေအဖြစ် ဆာလီဘာ၊ မာတီနယ်လီ၊ စီဘယ်လောာ့စ်နဲ့ ပီပီတို့ကို ခေါ်ယူထားနိုင်ပြီလို့ သိရပါတယ်။