ကနဦးအငှားနဲ့ခေါ်ယူမှာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်ပါဝင်နေပါတယ်။
Pyae Phyo Thein

ပီယာလိုက သူနဲ့အသင်းဖော်တွေအဖြစ် ကစားခဲ့ဖူးတဲ့ မိုရာတာကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး ရော်နယ်ဒို၊ ဒီဘာလာတို့နဲ့ တိုက်စစ်ကို ဦးဆောင်စေမှာလည်းဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးမိုရာတာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြိလို့သိရပါတယ်။ ဆွာရက်ဇ်ကို ခေါ်ယူဖို့အဆင်မပြေဖြစ်ခဲ့ပြီးနောက် အသင်းတိုက်စစ်မှူဟောင်းမိုရာတာအတွက် အက်သလက်တီကိုကို ဆက်သွယ်ခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ သဘောတူညီမှုရယူနိုင်ခဲ့တယ်လို့ နာမည်ကျော်သတင်းထောက် Fabrizio Romano က ဖော်ပြခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် ဆွာရက်ဇ်ကို ခေါ်ယူဖို့အတွက် အက်သလက်တီကိုမက်ဒရစ်က ကြိုးစားနေပြီဖြစ်ကာ ဒီအတွက် မဖြစ်မနေကစားသမားတွေရောင်းချဖို့လိုအပ်နေခဲ့ပြီး မိုရာတာက ပထမဆုံးရောင်းချခံရမယ့်သူဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကနဦးမှာ အငှားနဲ့သာပြောင်းရွှေ့မှာဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့် သဘောတူညီချက်ပါဝင်နေတယ်လို့လည်း သိရပါတယ်။ 

ဆီမြွန်နီက အသင်းတိုက်စစ်ပိုင်းအတွက် ပုံမှန်ဂိုးသွင်းပေးနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးကို အလိုရှိနေခဲ့ပြိး ဆွာရက်ဇ်ကို ချဉ်းကပ်ခဲ့တာဖြစ်ပါတယ်။ ဂျူဗီကလည်း ဟီဂူအင်ကိုထွက်ခွာခွင့်ပေးခဲ့ပြီးနောက် တိုက်စစ်မှူးတစ်ဦးမဖြစ်မနေလိုအပ်နေခဲ့ကာ ပီယာလိုက သူနဲ့အသင်းဖော်တွေအဖြစ် ကစားခဲ့ဖူးတဲ့ မိုရာတာကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး ရော်နယ်ဒို၊ ဒီဘာလာတို့နဲ့ တိုက်စစ်ကို ဦးဆောင်စေမှာလည်းဖြစ်ပါတယ်။

မိုရာတာဟာ ဂျူဗီမှာ ၂ရာသီကြာအငှားကစားသမားအဖြစ်နဲ့ လာရောက်ကစားခဲ့ဖူးသူဖြစ်ပါတယ်။ အဆိုပါကာလအတွင်း ခြေစွမ်းပြနို်င်ခဲ့တာကြောင့် ရီးရဲလ်က ပြန်လည်ခေါ်ယူခဲ့ပြီး နေရာပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ရာသီမှာတော့ ချယ်လ်ဆီးကို ရောင်းထုတ်ခံခဲ့ရပြီး ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အက်သလက်တီကိုကို ထပ်မံပြောင်းရွှေ့ခဲ့ရသူလည်းဖြစ်ပါတယ်။ 


Author


က္က