ဗန်ဒိုက်အတွက် လီဗာပူး ပေးချေခဲ့တဲ့ နှုန်းအတိုင်း လိုချင်နေတာလို့လည်း သိရပါတယ်။
Kyaw Ko Ko Sint

မန်ချက်စတာနှစ်သင်း အပြိုင်ဖြစ်နေချိန်မှာ မက်ဂွဲယားအနေနဲ့ မန်စီးတီးအသင်းထံသွားရောက် ကစားလိုနေပေမယ့် မန်ယူက ပြောင်းရွှေ့ကြေးမှာ ဦးဆောင်နေတယ်လို့ သိရပါတယ်။

လက်စတာစတီးနောက်ခံလူ မက်ဂွဲယားကို မန်ချက်စတာယူနိုက်တက်အသင်းက ပေါင် သန်း ၇၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လက်စတာက ပယ်ချခဲ့တယ်လို့ Daily Mail သတင်းက ဖော်ပြပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ မက်ဂွဲယားအနေနဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ချင်စိတ်များနေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ကသာ ပိုများတဲ့ ပြောင်းရွှေ့ကြေးကမ်းလှမ်းထားတယ်လို့လည်း သိရပါတယ်။



ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာအသင်းတို့ကြား ဆွေးနွေးခဲ့ကြပြီး ကမ်းလှမ်းမှုအသစ်နဲ့ ထပ်မံ ကမ်းလှမ်းဖိုု့ ပြင်ဆင်နေတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းက ဆောက်သမ်တန်နောက်ခံလူ ဗန်ဒိုက်ကို ပေါင် ၇၅ သန်းနဲ့ ဈေးကြီးပေးခေါ်ယူထားမှုအပေါ် လက်စတာစီးတီးကလည်း မက်ဂွဲယားအတွက် တူညီတဲ့ ပြောင်းရွှေ့ကြေးမျိုး လိုချင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မက်ဂွဲယားအတွက် ကမ်းလှမ်းလာတဲ့အသင်းက မန်ချက်စတာနှစ်သင်း အပြိုင်ဖြစ်နေပြီး ကနဦးမှာ ၆၅ သန်းစီသာ ပေးခဲ့ပေမယ့် ယူနိုက်တက်က ၅ သန်း ပိုပေးပြီး ကမ်းလှမ်းလာခဲ့တာလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က