လင်ဒီလော့ဖ်ခြေစွမ်းအပေါ် အားရမှုမရှိတာကြောင့်လို့ ဆိုပါတယ်။
Pyae Phyo Thein

လင်ဒီလော့ဖ်က အမှားအယွင်းများသလို ဘိုင်ယီကလည်း မကြာခဏဒဏ်ရာရရှိတတ်တာကြောင့် ဆိုးလ်ရှားအတွက် စိတ်တိုင်းကျစေမယ့် ဗဟိုခံစစ်အတွဲအဖက်ကတော့ ရှာမတွေ့သေးတာဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ ဟယ်ရီမက်ဂွိုင်းယားနဲ့ ကာလရှည်တွဲဖက်ကစားဖို့အတွက် ဗဟိုခံစစ်ကစားသမားတွေကို ရှာဖွေနေရာမှာ ကစားသမား ၃ဦးအထိကို ပစ်မှတ်ထားနေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကစားသမားတွေကတော့ နသန်အကီ၊ တိုင်ရွန်မင်းစ် နဲ့ ရိုမက်ဂ်နိုလီတို့ဖြစ်တယ်လို့ ဆိုပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ မက်ဂွိုင်းယားကို ပေါင်သန်း ၈၀ နဲ့ ခေါ်ယူခဲ့ပြီး အသင်းခံစစ်ပိုင်းအတွက် အားဖြည့်ခဲ့ပါတယ်။ မက်ဂွိုင်းယားနဲ့ တွဲဖက်အဖြစ် လင်ဒီလော့ဖ်ကို အဓိကထားအသုံးပြုခဲ့ပြီး ဘိုင်ယီနဲ့လည်း ရံဖန်ရံခါမှာ အသုံးပြုခဲ့ပေမယ့်လည်း ရာသီအစပိုင်းမှာ အခက်တွေ့ခဲ့ပြီး ခံစစ်ပိုင်းအားနည်းမှုတွေရှိခဲ့ပါတယ်။ 

လင်ဒီလော့ဖ်က အမှားအယွင်းများသလို ဘိုင်ယီကလည်း မကြာခဏဒဏ်ရာရရှိတတ်တာကြောင့် ဆိုးလ်ရှားအတွက် စိတ်တိုင်းကျစေမယ့် ဗဟိုခံစစ်အတွဲအဖက်ကတော့ ရှာမတွေ့သေးတာဖြစ်ပါတယ်။ ဒီအတွက် တန်းဆင်းဇုန်အန္တရာယ်ထဲရောက်နေတဲ့ ဘုန်းမောက်က အကီ၊ ဗီလာက တိုင်ရွန်မင်းစ်တို့ကို ခေါ်ယူဖို့စဉ်းစားနေပြီး သက်သာတဲ့စျေးနှုန်းနဲ့ ရရှိမယ်လို့လည်း မျှော်လင့်နေပါတယ်။ 

အဆိုပါကစားသမားနှစ်ဦးလုံးဟာ ဒီရာသီမှာ ခြေစွမ်းပြကစားနေသူတွေဖြစ်ပြီး သူတို့အသင်းတွေတန်းဆင်းခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားနိုင်ဖို့ အသင်းသစ်ရွေးချယ်ဖွယ်လည်းရှိနေသူတွေပါ။ နောက်ထပ်တစ်ဦးကတော့ အေစီမီလန်နောက်ခံလူရိုမက်ဂ်နိုလီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကတည်းက ယူနိုက်တက်က စိတ်ဝင်စားနေခဲ့သူဖြစ်ပါတယ်။ 

ဘုန်းမောက်ကို ၅-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ဆိုးလ်ရှား နဲ့ အကီတို့ကို စကားအနည်းငယ်ပြောဆိုခဲ့တာမြင်တွေ့ခဲ့ရပါတယ်။ ဒီအတွက် အကီကို ဆိုးလ်ရှားက ခေါ်ယူချင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပြီး အင်္ဂလန်လက်ရွေးစင်ဖြစ်လာခဲ့တဲ့အထိ ခြေစွမ်းပြနေတဲ့ တိုင်ရွန်မင်းစ်ကလည်း အဓိကပစ်မှတ်တွေထဲက တစ်ဦးလို့ ယူဆခံရနေပါတယ်။ 


Author


က္က