မက်ဆီကိုယ်တိုင်က ဘာစီလိုနာကထွက်ချင်ပြီလို့ အတိအလင်း ထုတ်ပြောလာတာပါ။

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဘိုင်ယန်ကိုရှုံးပြီး အရှက်တကွဲထွက်ခဲ့ရတဲ့နောက် ဘာစီလိုနာကနေ ထွက်တော့မယ် လို့ မက်ဆီတစ်ယောက် အသံစထွက်နေခဲ့ရာမှ အခုဆိုရင်အတိအလင်း ထွက်ပေါ်လာခဲ့တာပါ။

လီယွန်နယ်မက်ဆီကတော့ ဘာစီလိုနာကနေ ထွက်ခွာချင်ပြီလို့ ကလပ်အသင်းကို အတိအလင်းထုတ်ဖော် ပြောလိုက်ပြီ ဖြစ်ပါတယ်။



မက်ဆီအသင်းကို စွန့်ခွာတာနဲ့ မက်ဆီကို ခေါ်ယူဖို့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီနဲ့ အင်္ဂလန်ကလပ် ယူနိုက် တက်တို့ အပြိုင် ထိပ်ဆုံးက စောင့်နေတယ်လို့ SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

မက်ဆီအသင်းက ပြောင်းမယ်ဆိုရင် စာချုပ်ပါလျော်ကြေးအဖြစ် ပေါင် သန်း ၆၀၀ကျော် ပေးဆောင်ဖို့ ရှိနေ တာကြောင့် မက်ဆီကို စိတ်ဝင်စားရင် ကုန်ကျစရိတ် ကြီးမားမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆုဖလားကို ပိုင်ဆိုင်ချင်နေတာ ဖြစ်ပြီး မက်ဆီရောက်လာရင် စွမ်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပါ။

အခြားတစ်ဖက်မှာလည်း အင်္ဂလန်နာမည်ကြီးကလပ် ယူနိုက်တက်က မက်ဆီကို ခေါ်ယူဖို့ ဘဏ္ဍာရေး အလုံ အလောက်ရှိနေလို့ ပီအက်စ်ဂျီ အပြိုင် ကြိုးစားရဖွယ်ရှိနေပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မက်ဆီသွားချင်တဲ့ အသင်းကသာလျှင် အခွင့်အရေးရနိုင်မှာ ဖြစ်ပြီး ဘာစီလိုနာကနေ မိမိ ဆန္ဒအရ စာချုပ်ကို တစ်ဖက်သတ်ဖျက်သိမ်းခွင့်ရှိနေခြင်းက မက်ဆီရဲ့ အားသာချက်ဖြစ်လို့ ဒီတစ်ကြိမ်တော့ ဘာကာလည်း မတတ်စွမ်းသာတော့ဟန်ရှိနေပါတယ်။

Share

Loading Next Article...
က္က