အလိုက်ပေးကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့တာပါ။
Pyae Phyo Thein

ဂွာဒီယိုလာက လာမယ့်ရာသီမှာ သူ့အသင်းကစားသမားတွေကို ထိ်န်းသိမ်းထားချင်တယ်လို့ မိမိတို့နားလည်ထားကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။


အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဘယ်သူကိုမဆို ကစားသမားသစ်ခေါ်ယူဖို့အတွက် ကြိုးစားရာမှာ အသုံးပြုမှာမဟုတ်ဘူးလို့ မန်စီးတီးအသင်းက ငြင်းဆိုလိုက်ပါတယ်။ ဒါဟာ မက်ဆီကိုခေါ်ယူဖို့ ဘာနာဒိုဆေးလ်ဗား၊ ဂျီးဆပ်နဲ့ ဂါစီယာတို့ကို ထည့်သွင်းကမ်းလှမ်းမယ်လို့ သတင်းတွေထွက်လာခဲ့တဲ့အပေါ် မန်စီးတီးက ဖြေရှင်းလိုက်တာလည်းဖြစ်ပါတယ်။ 

ဂွာဒီယိုလာက လာမယ့်ရာသီမှာ သူ့အသင်းကစားသမားတွေကို ထိ်န်းသိမ်းထားချင်တယ်လို့ မိမိတို့နားလည်ထားကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ ဘာနာဒိုဆေးလ်ဗားကတော့ ဘာစီလိုနာက စိတ်ဝင်စားနေတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘယ်နောက်ခံလူအန်ဂျီလီနိုကိုလည်း စပိန်ကလပ်က ခေါ်ယူချင်နေတယ်လို့ သိရပြီး ပေါင် ၂၅သန်းနဲ့ ဝယ်ယူဖို့ စီစဉ်နေပါတယ်။

ဒါကြောင့် မက်ဆီအတွက် မန်စီးတီးက ကစားသမားတွေကို အလိုက်ပေးကမ်းလှမ်းမှုမပြုလုပ်ဘူးဆိုရင်တောင်မှ ဘာစီလိုနာက မန်စီးတီးကစားသမားတွေကို ခေါ်ယူနိုင်ဖွယ်ရာလည်းရှိနေပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီက ကန်ဆယ်လို နဲ့ ဒန်နီလိုတို့ကို အလဲအထပ်ပြုလုပ်ခဲ့တဲ့ သာဓကရှိပြီး မက်ဆီကို ခေါ်ယူဖို့ ကြိုးစားရမှာ အဆိုပါနည်းလမ်းကို အသုံးပြုနိုင်တယ်လို့ သတင်းတွေထွက်နေခဲ့တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ဂွာဒီယိုလာက အသင်းအတွက်အားကိုးရတဲ့ကစားသမားတွေအဖြစ် ဂျီးဆပ်နဲ့ ဘာနာဒိုကိုသတ်မှတ်ထားတာကြောင့် လက်လွှတ်ခံမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှ့စျေးကွက်ပိတ်သိမ်းဖို့က ၅ ပတ်ကျော်လိုသေးလို့ အခြားသောနည်းလမ်းတွေနဲ့ မက်ဆီကို ကြိုးစားဖွယ်ရှိနေကာ ရှိရင်းစွဲကစားသမားတွေကို မန်စီးတီးက ထိန်းသိမ်းထားမှာလည်းဖြစ်ပါတယ်။ 

အသင်းကထွက်ခွာခွင့်ပေးဖို့ မက်ဆီကတောင်းဆိုခဲ့တဲ့အချိန်ကစကာ မန်စီးတီးက ခေါ်ယူနိုင်မယ်လို့ ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့ကလည်း မက်ဆီကို အလိုရှိနေပြီး ထိပ်တန်းအသင်းတွေရဲ့ မက်ဆီလုပွဲကတော့ တော်တော်လေးအကြိတ်အနယ်ရှိနေပြီး စိတ်ဝင်စားဖွယ်ရာလည်းကောင်းမွန်နေခဲ့ပါတယ်။ 


Author


က္က