နာမည်ကြီးကစားသမား ၂ ဦးအထိ ထည့်သွင်းကမ်းလှမ်းခဲ့တာပါ။

နူးကမ့်ကထွက်ခွာခွင့်ပေးဖို့ မက်ဆီက တောင်းဆိုခဲ့ပြီးနောက်မှာ မန်စီးတီးဘက်က ပထမဆုံးလှုပ်ရှားမှုလည်းဖြစ်ပါတယ်။ 


ဘာစီလိုနာကစားသမားမက်ဆီကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတဲ့ မန်စီးတီးအသင်းဟာ ယူရိုသန်း ၁၀၀ နဲ့ ကစားသမား ၃ဦးအထိ အလိုက်ပေးကာ မက်ဆီအတွက် ကမ်းလှမ်းခဲ့တယ်လို့ စပိန်သတင်းစာ Sport က ဖော်ပြသွားခဲ့ပါတယ်။ နူးကမ့်ကထွက်ခွာခွင့်ပေးဖို့ မက်ဆီက တောင်းဆိုခဲ့ပြီးနောက်မှာ မန်စီးတီးဘက်က ပထမဆုံးလှုပ်ရှားမှုလည်းဖြစ်ပါတယ်။ 



ဘာစီလိုနာကို မန်စီးတီးဘက်က ကမ်းလှမ်းခဲ့မှုမှာ တိုက်စစ်မှူးဂျီးဆပ်၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဂါစီယာတို့လို ကစားသမားတွေပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဂျီးဆပ်နဲ့ ဆေးလ်ဗားတို့ဟာ အသင်းရဲ့အဓိကကကစားသမားတွေဖြစ်ပြီး မန်စီးတီးဘက်က အခုလိုမျိုးကမ်းလှမ်းခဲ့မှုဟာ မက်ဆီကို ဘယ်လောက်ထိ လိုချင်မက်မောနေသလဲဆိုတာကို သိသာစေခဲ့ပါတယ်။ 

ဂါစီယာကတော့ ဘာစီလိုနာက အလိုရှိနေတဲ့ ကစားသမားဖြစ်ပြီး အင်္ဂလန်ကလပ်ရဲ့ ကမ်းလှမ်းမှုဟာ ဘာစီလိုနာအတွက်တော့ စဉ်းစားရမယ့်အနေအထားဖြစ်ပါတယ်။ မက်ဆီကို အသင်းကမထွက်ခွာစေဖို့အတွက် ဘာစီလိုနာက ကြိုးစားနေပေမယ့် ကစားသမားရဲ့ ဆန္ဒကသာ အဓိကကျနေပြီး မက်ဆီကသာ သေချာပေါက်ဆုံးဖြတ်ပြီးပါက မဖြစ်မနေထွက်ခွာခွင့်ပေးရမှာလည်းဖြစ်ပါတယ်။

ဒီလိုထွက်ခွာခွင့်ပေးရမှုမှာ ထိုက်တန်တဲ့အဖိုးအခကို ရယူဖို့ ဘာစီလိုနာက ပြင်ဆင်ထားမှာလည်း သေချာပါတယ်။ သူတို့နှစ်ဦးနှစ်ဖက်ကြားမှာ ယူရိုသန်း ၇၀၀ တန်ကြေးရှိတဲ့ လျော်ကြေးစာချုပ်ရှိနေပြီး မက်ဆီက စာချုပ်ဖျက်သိမ်းပေးပြီး အလွတ်ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားကာ ဘာစီလိုနာက အဆိုပါအခြေအနေကို လုံးဝလက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါကြောင့် မန်စီးတီးရဲ့ ကမ်းလှမ်းမှုက ဘာစီလိုနာအတွက်တော့ ထည့်သွင်းစဉ်းစားရမယ့် အခြေအနေမှာရှိနေခဲ့ပါပြီ။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီက စောင့်ကြည့်မှုတွေပြုလုပ်နေပြီး ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကိုပြုလုပ်ဖွယ်ရှိနေကာ ဘာစီလိုနာအနေနဲ့ ရွေးချယ်စရာအခွင့်အလမ်းလည်း ရှိလာဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က