ရီးရဲနဲ့ အပြိုင်ဖြစ်နေပါတယ်။

ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာက စိတ်ဝင်စားသော်လည်း အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီက ကစားဖော် ဆွာရက်ဇ်အပေါ် မလေးစားရာကျသွားမလားလို့ ထင်မြင်နေတဲ့အတွက် တရားဝင်ချည်းကပ်ဖို့ အခက်တွေ့နေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းက လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချိန်ရွယ်နေပေမယ့်လည်း အင်္ဂလိပ် ကစားသမားကို ခေါ်ဖို့ ပြန်လည်ညှိုနှိုင်းဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။



ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းရဲ့ အဓိက ပြိုင်ဖက် ရီးရဲအသင်းကလည်း အသင်းရဲ့ တိုက်စစ်နေရာမှာ အသက်အရွယ်အရအကျဖက်ရောက်လာပြီဖြစ်တဲ့ ဘန်ဇီးမားရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ ချိန်ရွယ်နေတယ် လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း Diario Gol သတင်းဌာနရဲ့ ဖော်ပြချက်အရ ရက်ရှ်ဖို့ဒ်ကို ချည်းကပ်မယ့် အစီအစဉ်ရဲ့ အနောက်မှာ လွီယွန်နယ်မက်ဆီက ချုပ်ကိုင်ထားတယ်လို့ သိရပါတယ်။

မက်ဆီကတော့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူလိုက်ရင် အသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ လူးဝစ္စဆွာရက် အပေါ် မလေးစားရာရောက်သွားမယ်လို့ တွေးထင်နေတယ်လို့ သိရပါတယ်။

ဒီအချက်ပေါ်မှာ ထောက်ပြနေမှုကြောင့် ဘာစီလိုနာအသင်းက ခေါ်ယူဖို့ မချင့်မရဲ ဖြစ်နေရပြီး ရီးရဲကလည်း စိတ်ဝင်စားနေလို့ အပြိုင်ဖြစ်နေပါပြီ။

မက်ဆီအနေနဲ့ကတော့ အသစ်ချုပ်ဆိုထားတဲ့ စာချုပ်မှာ အသင်းရဲ့ လူဝယ်မှုတွေမှာ တိုက်ရိုက် အကြံပြုလို့ရတဲ့ သဘောတူညီမှုကို တရားဝင်ရရှိထားလို့ မက်ဆီရဲ့ သဘောတူညီမှု အပြည့်အ၀ မရရင် ဘာစီလိုနာအနေနဲ့ ရက်ရှ်ဖို့်ဒ်ကို ခေါ်ဖို့ မဖြစ်နိုင်တဲ့ အနေအထားမှာရှိနေတာပါ။

Share

Loading Next Article...
က္က