တွစ်တာမှာရေးသားခဲ့မှုက မြှောက်ပင့်ပေးသလိုဖြစ်ခဲ့ပါတယ်။
Pyae Phyo Thein

ပူယိုးလ်ရဲ့ ပြောဆိုမှုအောက်မှာတော့ အသင်းကနေ ထွက်ခွာရတော့မယ့် ဆွာရက်ဇ်က လက်ခုပ်တီးအားပေးနေတဲ့ Emoji ကို ရေးသားကာ သူလည်း ထိုနည်းတူပဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။


ဘာစီလိုနာအသင်းကနေ စာချုပ်ဖျက်သိမ်းပြီးထွက်ခွာခွင့်ပေးဖို့အတွက် မက်ဆီက တောင်းဆိုခဲ့အပြီးမှာ ဘာစီလိုနာအသင်းရဲ့ ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ပူယိုးလ်ဟာ တွစ်တာကတဆင့် မက်ဆီကို အားပေးစကားတွေပြောဆိုသွားခဲ့ပါတယ်။ ပူယိုးလ်ရဲ့ ပြောဆိုမှုတွေဟာ မက်ဆီကို အသင်းကထွက်ခွာဖို့ အားပေးအားမြှောက်ပြုလုပ်သလိုလည်းဖြစ်ခဲ့ပါတယ်။ 

မက်ဆီနဲ့အသင်းဖော်တွေအဖြစ်အတူတူကစားခဲ့ဖူးတဲ့ ပူယိုးလ်က သူ့ရဲ့တွစ်တာကတဆင့် "လေးစားချစ်ခင်ရတဲ့ လီယိုရေ၊ မင်းကို ငါ အမြဲတမ်းအားပေးထောက်ခံနေပါတယ် သူငယ်ချင်း" လို့ ရေးသားသွားခဲ့တာဖြစ်ပါတယ်။ ပူယိုးလ်ရဲ့ ပြောဆိုမှုအောက်မှာတော့ အသင်းကနေ ထွက်ခွာရတော့မယ့် ဆွာရက်ဇ်က လက်ခုပ်တီးအားပေးနေတဲ့ Emoji ကို ရေးသားကာ သူလည်း ထိုနည်းတူပဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ မက်ဆီနဲ့ ဆွာရက်ဇ်က ဘာစီလိုနာမှာ အလိုက်ဖက်ဆုံးအသင်းဖော်တွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးကြားမှာလည်း တော်တော်လေးရင်းနှီးတဲ့ဆက်ဆံရေးတွေရှိသူဖြစ်ပါတယ်။ ဆွာရက်ဇ်အနေနဲ့ အသင်းကနေထွက်ခွာရတော့မယ့်အချိန်မှာ မက်ဆီရဲ့ ဆုံးဖြတ်ချက်ကို အားပေးထောက်ခံခဲ့ပြီး မက်ဆီလည်းထွက်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အားပေးခဲ့တယ်လို့ ယူဆရပါတယ်။ 

ဘာစီလိုနာဘုတ်အဖွဲ့ကတော့ အသင်းပရိသတ်တွေရဲ့ ဆန္ဒပြနေမှု၊ ဘာတိုမြူပဲ ထွက်သွားဖို့ တောင်းဆိုနေမှုတွေနဲ့လည်း ရင်ဆိုင်နေရပြီး တော်တော်လေးအကျပ်ရိုက်နေပြီဖြစ်ပါတယ်။ မက်ဆီက လက်ကျန်စာချုပ်ကိုဖျက်သိမ်းပြီး ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့်လည်း အလွတ်ထွက်ခွာခွင့်ပေးရမယ့် အခြေအနေနဲ့ ရင်ဆိ်ုင်နေရပြီဖြစ်ပါတယ်။ 


Author


က္က