ဘာစီလိုနာဘက်က ထွက်ခွာခွင့်ပြုမယ်လို့လည်း မျှော်လင့်နေပါတယ်။
Pyae Phyo Thein

အသက် ၃၂နှစ်အရွယ် မက်ဆီနဲ့ ဘာစီလိုနာတို့ဟာ ယူရိုသန်း ရဝဝတန်ကြေးရှိတဲ့ လျော်ကြေးစာချုပ်ကိုချုပ်ဆိုထားပြီး ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။


မန်စီးတီးအသင်းဟာ မက်ဆီကိုခေါ်ယူနိုင်ဖို့အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကိုမချိုးဖောက်နိုင်မယ့် နည်းလမ်းကို ရှာဖွေနေတယ်လို့ သိရပါတယ်။ ESPN ရဲ့ ဖော်ပြချက်အရ မက်ဆီကိုသာ ဘာစီလိုနာက ထွက်ခွာခွင့်ပြုခဲ့မယ်ဆိုရင် အသင့်ဖြစ်နေစေဖို့ မန်စီးတီးက ပြင်ဆင်နေပြီလို့ သိရှိရတာဖြစ်ပါတယ်။ 

အသက် ၃၂နှစ်အရွယ် မက်ဆီနဲ့ ဘာစီလိုနာတို့ဟာ ယူရိုသန်း ရဝဝတန်ကြေးရှိတဲ့ လျော်ကြေးစာချုပ်ကိုချုပ်ဆိုထားပြီး ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကို ၈-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ မက်ဆီက နူးကမ့်ကိုစွန့်ခွာချင်နေပြီလို့ နီးစပ်သူတစ်ဦးက ပြောကြားခဲ့ကြောင်းလည်း ESPN က ဖော်ပြခဲ့ပါတယ်။ 

ဘာစီလိုနာဘက်က သင့်တော်တဲ့ပြောင်းရွှေ့ကြေးသတ်မှတ်မယ်လို့လည်း မန်စီးတီးကမျှော်လင့်နေပြီး ခေါ်ယူနိုင်ဖို့အထိကို ရည်ရွယ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း ဘာစီလိုနာဘုတ်အဖွဲ့ဝင်တချို့က မက်ဆီကိုရောင်းချဖို့ တံခါးဖွင့်ပေးသင့်တယ်လို့ ယူဆနေကြောင်း ESPN က ရေးသားဖော်ပြခဲ့ပြီး ရရှိလာမယ့်ငွေကြေးတွေကို အသင်းအတွက်ပြန်လည်ရင်းနှီးမြုပ်နှံသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ 

နည်းပြသစ်ရော်နယ်ကိုးမန်းဟာ မက်ဆီနဲ့ တွေ့ဆုံစကားပြောခဲ့တယ်လို့လည်း သိရပြီး ကစားသမားကတော့ အသင်းဘုတ်အဖွဲ့အပေါ်မှာ ယုံကြည်မှုနည်းပါးနေတယ်လို့သိရပါတယ်။ သူ့ရဲ့ကစားသမားဘဝနောက်ဆုံးကာလတွေမှာ ဘာစီလိုနာနဲ့အတူ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းရှိပါ့မလားလို့လည်း မက်ဆီက သံသယဝင်နေပြီး သူ့အနာဂတ်အတွက် သေသေချာချာစဉ်းစားနေတယ်လို့ သိရပါတယ်။ 


Author


က္က