မက်ဆီရဲ့ စာချုပ်ပါ လျော်ကြေးက ပေါင် ၆၃၅သန်း ရှိပါတယ်။

မန်စီးတီးအသင်းအနေနဲ့ မက်ဆီကို ခေါ်ယူဖို့ အဆင်သင့်စောင့်နေတယ်လို့ လိုင်ယွန်ကို ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ပွဲအပြီး Mirror သတင်းဌာနက သုံးသပ်ဖော်ပြလာတာပါ။

မန်ချက်စတာစီးတီးအသင်းကတော့ ဘာစီလိုနာအသင်းကနေ မက်ဆီ ထွက်ခွာပါက ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။



မက်ဆီရဲ့ လက်ရှိ ကာလတန်ကြေးအရ စာချုပ်ပါလျော်ကြေးကို ဝယ်ယူသည့်အသင်းက ပေါင် ၆၃၅သန်း ပေးချေရ ဖို့ရှိနေပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့လည်း အသင်းကို လက်ရှိမှာ ကစားသမားသစ်တွေ ပြန်လည်ဝယ်ယူပြီး တည်ဆောက်ဖို့ လိုအပ်နေချိန် အသက် ၃၂နှစ်အရွယ်မက်ဆီကို လက်လွှတ်ဖို့ အသင်းဖက်က အတင်းအကြပ် စေခိုင်းခံရဖို့ ရှိနေ တယ်လို့ Mirror သတင်းဌာနက သုံးသပ်ဖော်ပြထားပါတယ်။

မန်စီးတီးအသင်းကလည်းငွေကြေးတတ်နိုင်တဲ့အသင်းတစ်သင်းဖြစ်ပြီး ၁၆နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဘာကာကို မက်ဆီ စွန့်လွှတ်တာကို စောင့်နေတာလို့လည်း ဆိုပါတယ်။

နောက်တစ်ချက် မန်စီးတီး မက်ဆီကို ရရှိနိုင်ဖို့ ဖြစ်နိုင်စေတဲ့အချက်ကတော့ မက်ဆီနဲ့ ဘာစီလိုနာ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဘယ်ဘောလုံးရာသီရဲ့ ကုန်ဆုံးချိန်မဆို စာချုပ်ကို မက်ဆီဖက်က တစ်ဖက်သတ် ဖျက်သိမ်းခွင့်ရှိနေလို့ ပါပဲ။

ဒီလို အခွင့်အရေးကို ကမ္ဘာပေါ်က ဘယ် ပရော်ဖက်ရှင်နယ် ကစားသမားမှ မရရှိထားပဲ မက်ဆီတစ်ဦးတည်းသာ အထူးအခွင့်အရေးအဖြစ် ဘာစီလိုနာက ပေးထားတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း မက်ဆီဟာ ဘာစီလိနာနဲ့အတူ ကျရှုံးမှုတွေ ဆက်တိုက်ရင်ဆိုင်နေရပြီ ဖြစ်ပြီး ငယ်ရွယ်စဥ် တုန်းကလို အောင်မြင်မှုတွေ မကြာခဏရနေသလိုမျိုး မရတော့ပဲ ချန်ပီယံလိဂ်မှာလည်း နှစ်တိုင်းလိုလို ရှုံးထွက် အဆင့်တွေကနေ ထွက်ခဲ့ရသလို ဒီနှစ်မှာလည်း ဖလား လက်မဲ့ဖြစ်ခဲ့ရပါတယ်။

မန်စီးတီးအသင်းကလည်း ယခင် ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ယူခဲ့တဲ့ နည်းပြ ဂွါဒီယိုလာနဲ့အတူ ၎င်းစိတ် ကြိုက် ကစားသမားတွေ ခေါ်ခွင့်ပေးထားသည့်တိုင် ချန်ပီယံလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်သေးတာကြောင့် မက်ဆီကို ထပ်ခေါ်ကာ ဆရာတပည့်နှစ်ဦးကို ပြန်လည်ဆုံဆည်းစေဖို့ ကြိုးစားနေတာပါ။

မန်စီးတီးနဲ့မက်ဆီတို့ကတော့ ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီး ရည်မှန်းချက်ပန်းတိုင် ပျောက်ဆုံးမှုချင်း တူညီခဲ့ပါတယ်။

Share

Loading Next Article...
က္က