၂၀၂၁ ခုနှစ်အထိ စာချုပ်ရှိပြီးသာပါ။

မက်ဆီအနေနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားပြီး ဖြစ်သလို စာချုပ်ထဲမှာလည်း စာချုပ်မပြည့်မီ စာချုပ်ကို တစ်ဖက်သတ် ဖျက်သိမ်းခွင့်ပါ ရရှိထားတာပါ။

အသင်းရဲ့ အဓိက ကစားသမား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ စာချုပ်သစ် ကိစ္စ စကားပြောနေတာ ရှိတယ်လို့ ဘာစီလိုနာ အကစားဒါရိုက်တာ အဘီဒယ်လ်က စပိန်သတင်းဌာန Mundo Deportivoကို အတည်ပြု ပြောခဲ့ပါတယ်။


မက်ဆီအနေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကမှ ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆို ထားတာ ဖြစ်ပေမယ့် နောက်ထပ် စာချုပ်သစ်တစ်ရပ်ကို ပြောင်းလဲ ချုပ်ဆိုဖို့ လုပ်ဆောင်နေတာလို့ အဘီဒယ်လ်က ဆိုပါတယ်။

“ သူတို့ စကားတောင် ပြောပြီးနေပါပြီ။သတင်းအသစ်တစ်ခု ကြားရမလားဆိုတာတော့ သေချာမသိပါဘူး။ဘာလို့ လဲဆိုတော့ အကြောင်းအရာတစ်ခုလုံးက ကစားသမားပေါ်မှာပဲ မူတည်နေလို့ပါ။ကျွန်တော့်ဖက်ကတော့ အသင်း အနေနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ပဲ မျှော်လင့်ပါတယ်။




မက်ဆီအနေနဲ့ ဘာစီလိုနာနဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်အရ မကစားချင်တော့ဘူးဆိုရင် ၂၀၂၁ မတိုင်မီ ဘော လုံးရာသီပြီးတာနဲ့ စိတ်ကြိုက် စာချုပ်ဖျက်သိမ်းခွင့်ကိုပါ ရရှိထားသူပါ။

၁၈ နှစ်ကြာ ကျင်လည်ကစားနေတဲ့ ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာက တော့ အဘီဒယ်ရဲ့ ပြောစကားနဲ့အတူ ရင်ခုန်စရာကောင်းနေပါပြီ။

တဆက်တည်းမှာပဲ အကယ်ဒမီထွက် လူငယ်ကစားသမားလေး အန်ဆု ဖာတီကိုလည်း စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က