၅ နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
Pyae Phyo Thein

မနေ့ကထွက်ပေါ်ခဲ့တဲ့ သတင်းများအတိုင်း မန်စီးတီးမှာ ၃နှစ်ကစားပြီးမှ ကျန် ၂နှစ်ကို အခြားသောအသင်းဖြစ်တဲ့ နယူးယော့ခ်စီးတီးမှာကစားဖွယ်ရှိတယ်လို့ သိရပါတယ်။ 


ဘာစီလိုနာအသင်းတိုက်စစ်မှူးမက်ဆီဟာ မန်စီးတီးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားခဲ့ပြီးပြီလို့ ပေါ်တူဂီသတင်းစာ Daily Record က ဖော်ပြခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ငါးနှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပြီးတော့ သူ့ရဲ့စာချုပ်ချုပ်ဆိုမှုဟာ City Football Group နဲ့ လို့ သိရပါတယ်။ 

ဒီရဲ့ဆိုလိုရင်းဟာ မက်ဆီအနေနဲ့ CFG လက်အောက်က အသင်းတွေမှာ ကစားနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် အဓိကအားဖြင့်တော့ မန်စီးတီးမှာ ကစားဖို့ဖြစ်ပြီး မနေ့ကထွက်ပေါ်ခဲဲ့တဲ့ သတင်းများအတိုင်း မန်စီးတီးမှာ ၃နှစ်ကစားပြီးမှ ကျန် ၂နှစ်ကို အခြားသောအသင်းဖြစ်တဲ့ နယူးယော့ခ်စီးတီးမှာကစားဖွယ်ရှိတယ်လို့ သိရပါတယ်။ 

မက်ဆီရဲ့ စာချုပ်တန်ဖိုးဟာ ယူရိုသန်း ၇၀၀ အထိ ရှိမယ်လို့ သိရပြီးတော့ များပြားလှတဲ့ငွေကြေးပမာဏကို ခံစားရမှာလည်းဖြစ်ပါတယ်။ နောက်ထပ်ဖော်ပြမှုအရဆိုရင် မက်ဆီဟာ CFG ရဲ့ အစုရှယ်ယာတချို့ကိုတောင် ရရှိမယ်လို့ သိရပြီး သူ့ကိုခေါ်ယူဖို့အတွက် ကြီးမားတဲ့ ရင်းနှီးမှုကို အဘူဒါဘီအုပ်စုဘက်က ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ 


အစောပိုင်းသတင်းတွေအရ မက်ဆီဟာ ဘာစီလိုနာနဲ့ ညှိနှိုင်းမှုတွေပြုလုပ်သွားမယ်လို့ ဆိုပေမယ့်လည်း နောက်ဆုံးထွက်ပေါ်ခဲ့တဲ့သတင်းတွေကတော့ မန်စီးတီးနဲ့ သဘောတူညီခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ ဘာစီလိုနာဟာ မက်ဆီကို စာချုပ်ပါလျော်ကြေးရရှိမှသာ ထွက်ခွာခွင့်ပြုမယ်လို့ဆိုထားပြီး မက်ဆီကတော့ စာချုပ်ဖျက်သိမ်းပေးဖို့ကိုသာ တောင်းဆိုနေတာဖြစ်ပါတယ်။
 


ဒီပြသနာပြေလည်စေဖို့အတွက်တော့ တော်တော်လေးကြိုးစားဖြေရှင်းသွားရမှာဖြစ်ပြီး မက်ဆီဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းဘဲရှိနေကာ သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြသနေပြီဖြစ်ပါတယ်။ ကစားသမားဘက်က ထွက်ခွာဖို့အတွက် သေချာပေါက်အားထုတ်နေတာဖြစ်လို့ ဆက်လက်ထိန်းသိမ်းဖို့ရာ ဘာစီလိုနာအတွက် ခက်ခဲလာခဲ့ပြီလည်းဖြစ်ပါတယ်။ 


Author


က္က