ဆောက်သမ်တန်မှာ လက်တွဲခဲ့ဖူးသူတွေဖြစ်ပါတယ်။
Pyae Phyo Thein

မက်ဆီကိုရောင်းချခဲ့မယ်ဆိုပါက ဘာစီလိုနာငွေကြေးအမြောက်အမြားရရှိဖွယ်ရှိနေပြီး ကိုးမန်းအနေနဲ့ ကစားသမားသစ်ခေါ်ယူရာမှာ ပြန်လည်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ 


နူးကမ့်ကနေ မက်ဆီထွက်ခွာသွားခဲ့မယ်ဆိုပါက ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းဟာ သူ့ရဲ့တပည့်ဟောင်းတိုက်စစ်ကစားသမားနဲ့ ပြန်လည်အစားထိုးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသင်းကထွက်ခွာခွင့်တောင်းခံထားတဲ့ မက်ဆီကြောင့် ဘာစီလိုနာနည်းပြဘဝအစမှာပဲ ကြီးမားတဲ့ပြသနာကို ကိုးမန်းရင်ဆိုင်နေရပြီး ပြေလည်နို်င်အောင် ကြိုးစားနေရတာဖြစ်ပါတယ်။ 

ကိုးမန်းအနေနဲ့ ဘာစီလိုနာမှာ သူ့ရဲ့တပည့်တစ်ဦးဖြစ်တဲ့ ဖရန်ကီဒီဂျောင်နဲ့ တွေ့ဆုံနေရပြီဖြစ်ပြီး အခြားသောကစားသမားတစ်ဦးကို ခေါ်ယူဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ မက်ဆီကိုရောင်းချခဲ့မယ်ဆိုပါက ဘာစီလိုနာငွေကြေးအမြောက်အမြားရရှိဖွယ်ရှိနေပြီး ကိုးမန်းအနေနဲ့ ကစားသမားသစ်ခေါ်ယူရာမှာ ပြန်လည်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ 

ဆောက်သမ်တန်နည်းပြဘဝမှာ သူနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ဆာဒီယိုမာနေးကိုခေါ်ယူဖို့ ကိုးမန်းက ပစ်မှတ်ထားနေတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ အားအထားရဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် မာနေးက ရပ်တည်နေသူဖြစ်ပြီး ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ 

စပိန်သတင်းစာ SPORT ရဲ့ဖော်ပြချက်အရ မာနေးအတွက် ကိုးမန်းက ယူရိုသန်း ၁၂၀ အထိ အသုံးပြုဖို့ ရည်ရွယ်ထားကြောင်းသိရပါတယ်။ မာနေးကို ဂရစ်မန်း၊ အန်ဆူဖာတီ ဒါမှမဟုတ် ဒမ်ဘီလီတို့နဲ့အတူ အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်စေဖွယ်ရှိပြီး မတူကွဲပြားတဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းကို မြင်တွေ့ရဖွယ်ရှိနေပြီဖြစ်ပါတယ်။ 


Author


က္က