ဥရောပမှာ ဆက်လက်ကစားချင်နေသေးတယ်လို့ ဆိုပါတယ်။
Pyae Phyo Thein

မြင့်မားတဲ့လစာငွေနဲ့ ဝီလီယံကို အင်တာမိုင်ယာမီက ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် ကစားသမားကတော့ ဥရောပမှာသာ ဆက်လက်ကစားချင်တာကြောင့် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ 


ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမားဝီလီယံဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဆီက ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။ မြင့်မားတဲ့လစာငွေနဲ့ ဝီလီယံကို အင်တာမိုင်ယာမီက ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့် ကစားသမားကတော့ ဥရောပမှာသာ ဆက်လက်ကစားချင်တာကြောင့် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ 

The Telegraph ရဲ့ ဖော်ပြချက်အရ ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ ဝီလီယံကို တစ်ပတ်လုပ်ခပေါင်တစ်သိန်းအထိ ပေးချေကာ ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်မယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ မေဂျာလိဂ်ပွဲတွေကို ပြန်လည်စတင်ကစားနေပြီဖြစ်ပေမယ့်လည်း ရေတိုပြိုင်ပွဲအသွင်သာကစားနေတာဖြစ်ပြီး အင်တာမိုင်ယာမီကတော့ သူတို့ရဲ့ ပထမဆုံးနိုင်ပွဲကို ရရှိဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ 

ဝီလီယံကတော့ ချယ်လ်ဆီးနဲ့ ရာသီကုန်အထိ လက်တွဲသွားဖို့ရှိနေပြီး အဲဒီနောက်မှာ အလွတ်ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။ ချယ်လ်ဆီးက သူ့ကိုအသင်းမှာဆက်ရှိနေစေဖို့အတွက် စာချုပ်သစ်ကမး်လှမ်းခဲ့ပေမယ့် ကစားသမားအလိုရှိတဲ့ အချက်တွေမပါဝင်တာကြောင့် သဘောတူညီမှုမရရှိဘဲ အလွတ်ထွက်ခွာခွင့်ပေးရမှာဖြစ်ပါတယ်။ 

ဝီလီယံကို ဥရောပအသင်းတော်တော်များများက စိတ်ဝင်စားနေပြီး ထိပ်တန်းအသင်းတချို့ကလည်း ခေါ်ယူချင်နေပါတယ်။ ချယ်လ်ဆီးအတွက် လတ်တလောကာလမှာ ဝီလီယံက ခြေစွမ်းအပြနိုင်ဆုံးကစားသမားတစ်ဦးလို့ ဆိုရမှာဖြစ်ပြီး အသင်းအတွက်တော့ အလွတ်ထွက်ခွာခွင့်ပေးရမှာက တော်တော်လေးတော့ နှမျောစရာကောင်းနေမှာ အမှန်ပါပဲ။ 


Author


က္က