အပြောင်းအရွှေ့သတင်းတွေကို တိတ်ဆိတ်သွားစေခဲ့ပါပြီ။
Pyae Phyo Thein

ဆန်ချိုဟာ ၂၀၁၇ မှာ မန်စီးတီးကနေ ဒေါ့မွန်ကို ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ခြေစွမ်းပြနေခဲ့ကာ လက်ရှိမှာတော့ ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်။


ဘိုင်ယန်မြူးနစ်ကို ဆာနေးပြောင်းရွှေ့မှာဖြစ်ပေမယ့်လည်း ဆန်ချိုကို ပြန်လည်ခေါ်ယူသွားဖို့တော့မရှိဘူးလို့ မန်စီးတီးနည်းပြဂွာဒီယိုလာက ပြောဆိုခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ ဆာနေးဟာ ဘိုင်ယန်မြူးနစ်ကို ယူရိုသန်း ၅၀ နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားခဲ့ပြီဖြစ်ပြီး ရာသီကုန်မှာ ပြောင်းရွှေ့တော့မှာလည်းဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် တောင်ပံကစားသမားတစ်ဦးကို မန်စီးတီးက ပြန်လည်ဝယ်ယူမယ်လို့ သတင်းတွေထွက်နေခဲ့ပြီး ဆန်ချိုဖြစ်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဆန်ချိုဟာ ၂၀၁၇ မှာ မန်စီးတီးကနေ ဒေါ့မွန်ကို ပေါင် ၇ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး ခြေစွမ်းပြနေခဲ့ကာ လက်ရှိမှာတော့ ပေါင်သန်း ၁၀၀ တန်ကြေးရှိတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်က အလေးအနက်ထားစိတ်ဝင်စားနေတဲ့ ဆန်ချိုကို ပြန်လည်ခေါ်ယူမှာလားဆိုတဲ့ မေးမြန်းမှုကို ဂွာဒီယိုလာက "မခေါ်ပါဘူး၊ သူက အသင်းကထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ၊ ပြန်လာဖို့အတွက် သူ ဘာလို့စဉ်းစားနေမှာလဲ၊ သူ့ကို အသင်းမှာ ကျွန်တော်တို့ ဆက်ရှိနေစေချင်ခဲ့ပါတယ်၊ ဂါစီယာ နဲ့ ဖိုဒန်တို့လိုပေါ့"

"သူ ဒေါ့မွန်ကို ထွက်ခွာဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး တစ်နှစ်လောက်အကြာမှာမှ ပြန်လာဖို့အတွက် သူ ဆုံးဖြတ်မယ်ဆိုတာက မဖြစ်နိုင်ပါဘူး၊ သူက ဒီမှာ ရှိနေချင်ခဲ့တာမဟုတ်ပါဘူး၊ ဒါကြောင့် သူပြန်လာမယ်လို့လည်း ကျွန်တော်မထင်ပါဘူး၊ ကျွန်တော်အမြဲတမ်းပြောခဲ့ဖူးပါတယ်၊ အသင်းမှာမနေချင်ဘူးဆိုရင် ထွက်သွားလို့ရတယ်ဆိုတာပါ၊ သူတို့မပျော်ရွှင်ဘူးဆိုရင် အကောင်းဆုံးပုံစံကို ပြနိုင်မှာမဟုတ်ပါဘူး" လို့ ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။ 

ဆန်ချိုဟာ ဒေါ့မွန်အတွက် ဒီရာသီမှာ ဘွန်ဒက်လီဂါသွင်းဂိုး ၁၇ ဂိုးနဲ့ ဖန်တီးမှု ၁၆ ကြိမ်အထိပြုလုပ်ပေးပြီး ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ သူ့ကိုခေါ်ယူဖို့ဆိုရင်တော့ ပေါင်သန်း ၁၀၀ နဲ့အထက်ပေးချေရမယ်လို့ ဒေါ့မွန်က သတိပေးထားပြီး ယူနိုက်တက်အပြင် ချယ်လ်ဆီး၊ လီဗာပူးလ်နဲ့ ရီးရဲလ်တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ 


Author


က္က