မက်ဆီကို အင်္ဂလန်လာဖို့ တိုက်တွန်းခဲ့တာပါ။
Pyae Phyo Thein

ဘာစီလိုနာက ထွက်ခွာဖို့ ခွင့်တောင်းထားပြီးဖြစ်တဲ့ မက်ဆီကို မန်စီးတီးက တော်တော်လေးစိတ်ဝင်စားနေပြီး ချဉ်းကပ်မှုတွေလည်းပြုလုပ်နေပါတယ်။ 


မန်ချက်စတာယူနိ်ုက်တက်အသင်းရဲ့တိုက်စစ်မှူးဝိန်းရွန်နီက မက်ဆီအနေနဲ့ ဘလွန်းဒီအောဆုကို ၇ ကြိမ်ရယူချင်ပါက မန်ချက်စတာအသင်းတစ်သင်းသင်းကို သွားရောက်ကစားသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာက ထွက်ခွာဖို့ ခွင့်တောင်းထားပြီးဖြစ်တဲ့ မက်ဆီကို မန်စီးတီးက တော်တော်လေးစိတ်ဝင်စားနေပြီး ချဉ်းကပ်မှုတွေလည်းပြုလုပ်နေပါတယ်။ 

ရွန်နီက မက်ဆီအနေနဲ့ ခြေစွမ်းကောင်းပိုင်ဆိုင်ထားဆဲဖြစ်ပြီး မေဂျာလိဂ်ကို မသွားသင့်သေးဘူလို့ ပြောဆိုခဲ့ပါတယ်။ မေဂျာလိဂ်မှာသွားကစားခဲ့ဖူးတဲ့ ရွန်နီက မက်ဆီကိုချီးကျူးစကားတွေလည်း ပြောဆိုခဲ့ပြီး ပရီးမီးယားလိဂ်ကို လာရောက်ကစားဖို့အတွက် ဖိတ်ခေါ်ခဲ့ကာ အကောင်းဆုံးကစားသမားဆုကို သေချာပေါက်ရယူနိုင်လိမ့်မယ်လို့လည်း အားပေးခဲ့ပါတယ်။ 

"သူက အသက်အရွယ်ရလာပြီဖြစ်ပေမယ့်လည်း ဒီမတိုင်ခင်မှာ သူ့လိုကစားသမားမျိုးကို ဘယ်သူမှမမြင်ဖူးခဲ့ပါဘူး၊ မက်ဆီက အရာရာတိုင်းကို ပြုလုပ်နိုင်သူပါ၊ ဂိုးတွေဖန်တီးပေးနိုင်ပြီး ကိုယ်တိုင်လည်း ဂိုးသွင်းနိုင်ပါတယ်၊ ပွဲကိုအလှည့်အပြောင်းဖြစ်စေမယ့်ကစားသမားဖြစ်ပြီး ထာဝရအကောင်းဆုံးကစားသမားတစ်ဦးပါ၊ ကျွန်တော်စောင့်ကြည့်ခဲ့ရတဲ့ ကစားသမားအနည်းငယ်ထဲက တစ်ဦးလည်းဖြစ်ပါတယ်"

"သူနဲ့ ရော်နယ်ဒိုက စံထားသတ်မှတ်ရမယ့်သူတွေဖြစ်ပါတယ်၊ ဒါပေမယ့် မက်ဆီကတော့ ကျွန်တော့်အတွက်ကွဲပြားခြားနားတဲ့ကစားသမားပါ၊ သူတို့နှစ်ဦးလိုကစားသမားတွေကို ထပ်တွေ့ရမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်၊ တကယ်လို့ မက်ဆီသာ အင်္ဂလန်ကိုလာခဲ့မယ်ဆိုရင် တစ်နှစ်တာအကောင်းဆုံးဆုကိုရဖို့ ရာခိုင်နှုန်းတစ်သန်းအထိသေချာပါတယ်"

"ဘရူနို ဒါမှမဟုတ် ဒီဘရိုင်းတို့နဲ့သာ သူ့ကိုဝန်းရံပေးလိုက်မယ်ဆိုရင် သူ ဘလွန်းဒီအောဆုကို ၇ ကြိမ်မြောက်တောင်ရမယ်လို့ ကျွန်တော်ယူဆပါတယ်" လို့ မက်ဆီကပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာတို့ကတော့ လက်ရှိမှာ အနာဂတ်နဲ့ပတ်သက်ပြီး အကြိတ်အနယ်ဆွေးနွေးနေကြရတယ်လို့လည်း သိရပါတယ်။ 


Author


က္က