ယူနိုက်တက်အတွက်တော့ သတင်းဆိုးဖြစ်လာပါပြီ။
Pyae Phyo Thein

ဆန်ချိုဟာ မန်စီးတီးကနေ ၂၀၁၇ မှာ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဂွာဒီယိုလာရဲ့အသင်းကသာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားပါက ပြောင်းရွှေ့ဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ 


ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်ထက် မန်စီးတီးကို ပိုမိုပြောင်းရွှေ့ချင်တယ်လို့ သူငယ်ချင်းတွေကို ပြောဆိုခဲ့ကြောင်း သိရပါတယ်။ ဆန်ချိုဟာ မန်စီးတီးကနေ ၂၀၁၇ မှာ ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဂွာဒီယိုလာရဲ့အသင်းကသာ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားပါက ပြောင်းရွှေ့ဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ 

The Sun ရဲ့ ဖော်ပြချက်မှာတော့ ဆန်ချိုက သူ့ရဲ့ဆန္ဒကို သူငယ်ချင်းဖြစ်သူတွေဆီ ပြောပြခဲ့ကြောင်း ပါဝင်ခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ ပုံမှန်ကစားခွင့်ရရှိဖို့ မလွယ်ကူတာကြောင့် ဒေါ့မွန်ကို ထွက်ခွာခဲ့တဲ့ ဆန်ချိုဟာ ဂျာမနီမှာတော့ အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဒေါ့မွန်ရဲ့ အားအထားရဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 

ဒီရာသီမှာလည်း ဒေါ့မွန်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂ဝအထိ သွင်းယူပေးကာ ခြေစွမ်းပြနေပြီး ဂိုးဖန်တီးမှုအများအပြားလည်း ပြုလုပ်ပေးထားနိုင်ခဲ့ကာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ပိုမိုရယူနိုင်ခဲ့ပါတယ်။ ဒေါ့မွန်ကတော့ ဆန်ချိုရဲ့ တန်ဖိုးကို ပေါင်သန်း ၁ဝဝအထိ သတ်မှတ်ထားပြီး အဆိုပါငွေကြေးရရှိမှသာ ရောင်းချသွားမှာဖြစ်ပါတယ်။

ဆန်ချိုကို လီဗာပူးလ်၊ ချယ်လ်ဆီးတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေပေမယ့် ဒေါ့မွန်အသင်းတောင်းဆိုတဲ့ ငွေကြေးပမာဏကို ပေးချေဖို့အတွက်တော့ အခက်တွေ့နေပါတယ်။ မန်စီးတီးကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူချင်တယ်လို့ သတင်းတွေ သဲ့သဲ့ထွက်ခဲ့ဖူးပေမယ့် လက်ရှိအချိန်ထိတော့ သိသာထင်ရှားတဲ့ ချဉ်းကပ်မှုတွေ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။ 


Author


က္က