ဘိုင်ယန်ကို ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ သိရပါတယ်။
Pyae Phyo Thein

ဆာနေးကတော့ ဘိုင်ယန်မြူးနစ်ရဲ့ နွေရာသီအဓိကပစ်မှတ်ကစားသမားဖြစ်ပြီး အခုလိုသတင်းတွေထွက်ပေါ်ခဲ့တာက ဆာနေးကို မြူးနစ်မှာ မြင်တွေ့ရဖို့ ပိုမိုနီးစပ်လာခဲ့တာဖြစ်ပါတယ်။ 


ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြဟန်ဆီဖလစ်ဟာ မန်စီးတီးတောင်ပံကစားသမားလီရွိုင်ဆာနေးဆီကို ဖုန်းဆက်သွယ်ခဲ့ပြီး နာရီဝက်ကြာစကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဆာနေးကတော့ ဘိုင်ယန်မြူးနစ်ရဲ့ နွေရာသီအဓိကပစ်မှတ်ကစားသမားဖြစ်ပြီး အခုလိုသတင်းတွေထွက်ပေါ်ခဲ့တာက ဆာနေးကို မြူးနစ်မှာ မြင်တွေ့ရဖို့ ပိုမိုနီးစပ်လာခဲ့တာဖြစ်ပါတယ်။ 

ဆာနေးဟာ သူတို့အသင်းရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိကတာဝန်ရှိသူတွေတစ်ဦးဖြစ်တဲ့ ဆာလီဟာမစ်ဇစ်ကလည်း ပြောဆိုခဲ့ဖူးပါတယ်။ ဆာနေးကလည်း မန်စီးတီးမှာ ပုံမှန်နေရာရဖို့အတွက် ခက်ခဲနေတဲ့ သူ့အခြေအနေကြောင့် ဂျာမနီကို ပြန်လည်ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ 

ဂျာမနီသတင်းစာ Bild ကလည်း ဟန်ဆီဖလစ်ဟာ လိုက်ဇစ်တိုက်စစ်မှူးတီမိုဝါနာထက် ဆာနေးကို ပိုမိုသဘောကျနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆာနေးဟာ ဒီရာသီအဖွင့်ပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့လို့ ကာလရှည်အနားယူနေခဲ့ရပြီး မန်စီးတီးအတွက် လုံးဝကစားပေးနိုင်ခဲ့ခြင်းမရှိသူဖြစ်ပါတယ်။

လက်ရှိမှာ ဂွာဒီယိုလာက တောင်ပံကစားသမားတွေအဖြစ် စတာလင်၊ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်တို့ကို ပိုမိုသဘောကျနေပြီး ဆာနေးအနေနဲ့ပြန်လည်ကစားနိုင်ခဲ့ရင်တောင်မှ နေရာရဖို့ တော်တော်လေးတိုက်ပွဲဝင်ရမယ့်အနေအထားမှာ ရှိနေတာဖြစ်ပါတယ်။ ဘိုင်ယန်ကတော့ ရီဘာရီနဲ့ ရော်ဘင်တို့မရှိတော့တဲ့ တောင်ပံတိုက်စစ်နေရာအတွက် ဆာနေးကို ပုံမှန်နေရာတစ်ခု ပေးနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။ 



က္က