မန်ယူရဲ့ အနာဂတ် စီမံကိန်းမှာ မပါတော့ဘူလို့ သတင်းထွက်ပေါ်လာသူပါ။

လူကာကူကို မန်ယူအသင်းက ၂၀၁၇ ခုနှစ်တုန်းက ပေါင် ၇၅သန်းနဲ့ခေါ်ယူခဲ့ပေမယ့် လာမယ့် အနာဂတ်မှာ တော့ လူကာကူကို ပါဝင်ထည့်သွင်းခြင်း မရှိတော့ပဲ ရောင်းချဖို့ စီစဉ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

မန်ယူအသင်းက ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူကတော့ ဒီအပြောင်းအရွှေ့မှာ မန်ယူက ထွက်ခွာတော့မယ့်သူလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ မန်ယူကနေ ထွက်ခွာဖို့ ဘယ်လ်ဂျီယံ နည်းပြ မာတီနက်ဇ်က တွန်းအားပေးနေပြီး မဖြစ်မနေ ထွက်ခွာသင့်တယ်လို့ ထုတ်ဖော်ပြောလာတဲ့အကြောင်း Daily Mail က ဖော်ပြလာပါတယ်။

မန်ယူအသင်းအနေနဲ့လည်း လူကာကူအတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်ဖို့ စီစဉ်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

လူကာကူအနေနဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်းမှာ လည်း နောက်ဆုံး ပြိုင်ပွဲစုံ ၄၅ပွဲမှာ ၁၅ ဂိုးသာရထားလို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီအချိန်မှာ ဘယ်လ်ဂျီယံ လက်ရွေးစင် နည်းပြ မာတီနက်ဇ်ကတော့ အနာဂတ်အတွက်ဆုံးဖြတ်ချက်အသစ်တစ် ခုချဖို့ လိုနေပြီ ဆိုတဲ့အကြောင်းနဲ့ လူကာကူအနေနဲ့လည်းမန်ယူက ထွက်လိမ့်မယ်ဆိုတဲ့အကြောင်း HLN သတင်းဌာနကိုပြောသွားပါတယ်။

“ဒီအချိန်က နှစ်ဖက်စလုံးအတွက် အကောင်းဆုံးအချိန်ပါပဲ၊လူကာကူအနေနဲ့လည်း အသင်းပြောင်းဖို့ အချိန်တန်ပါပြီ။ ဒီလိုပြောင်းလိုက်ခြင်း အားဖြင့် မန်ယူအတွက်ရော လူကာကူရောက်မယ့်အသင်း အတွက်ပါအကျိုးရှိစေမှာပါ။” လို့ မာတီနက်ဇ်က ဆိုခဲ့တာပါ။

မန်ယူအနေနဲ့လူကာကူကို ၂၀၁၇ ခုနှစ်ကအဲဗာတန်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး လာမယ့် ရာသီမှာတော့ အသင်းရဲ့ အနာဂတ် စီမံကိန်းထဲ မပါတော့ဘူးလို့လည်း သတင်းထွက်နေခဲ့သူပါ။

ဒီအချိန်မှာ အီတလီ စီးရီးအေ ကလပ် အင်တာမီလန်အသင်းက လူကာကူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နိုင်ငံ လက်ရွေးစင် နည်းပြ မာတီနက်ဇ်ကလည်း ထောက်ခံမှု ပေးနေတာဖြစ်ပါတယ်။



က္က