ဝုလ်နဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။
Kyaw Ko Ko Sint

လူကာကူကို ခေါ်ယူသွားနိုင်တဲ့ အင်တာမီလန်အသင်းက အငှားနဲ့ ဆန်းချက်ကို ကမ်းလှမ်းမှု ရှိထားပြီး နည်းပြ ဆိုးလ်ရှားကလည်း ထွက်ခွာဖို့ရှိနေတယ်လို့ အတည်ပြု ပြောခဲ့တာပါ။

အသက် ၃၀အရွယ်တိုက်စစ်မှူးကို အင်တာမီလန်အသင်းက အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေချိန်မှာနည်းပြ ဆိုးလ်ရှားကလည်း ဆန်းချက်အနေနဲ့ အသင်းကထွက်ခွာဖို့ ရှိတယ်လို့ အတည်ပြု ထုတ်ဖော်ပြောလာတဲ့ အကြောင်း Metro သတင်းဌာနက ဖော်ပြလာပါတယ်။



ဆန်းချက်ကို မန်ယူက တစ်ပတ်လုပ်ခ ပေါင် ၄သိန်းအပါအဝင် အပိုဆုကြေးတွေနဲ့ပေါင်းရင် ၇သိန်းခွဲလောက် ထိပေးချေနေရပေမယ့် အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိလို့ ပြီးခဲ့တဲ့ နွေရာသီကတည်းက ရောင်းချဖို့ လုပ် ဆောင်နေတာပါ။

ဒီအချိန်မှာတော့ အင်တာမီလန်အသင်းက လစာရဲ့တစ်ဝက်ကို ပေးချေသွားပေးမယ်ဆိုပြီး အငှားနဲ့ ကမ်းလှမ်း လာခဲ့တာပါ။

ပြီးခဲ့တဲ့ဝုလ်နဲ့သရေကျခဲ့တဲ့ပွဲမှာလည်း ဆန်းချက်အနေနဲ့ လူစာရင်းမှာပင် ပါဝင်လာခြင်းမရှိခဲ့ပဲ ပွဲအပြီးမှာတော့ - “ အပြောင်းအရွှေ့ပိတ်ဖို့ ၂ ပတ်လောက်ပိုပါသေးတယ်၊ ဆန်းချက်ကို အချို့ကလပ်တွေ စိတ်ဝင်စားနေတာာ ရှိပါတယ်၊ဒါကအခွင့်အရေးပေါ့၊ ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ဒီထက်ပိုပြီးတော့ မပြောနိုင်ပါ ဘူး။” လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

ဆန်းချက်အနေနဲ့ အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့လာပေမယ့် ယနေ့တိုင် အသင်းအတွက် ၃၂ ပွဲကစားပေးပြီး ၃ ဂိုးသာ သွင်းယူပေးထားနိုင်ပါသေးတယ်။


Author


က္က